ရင်ပေါင်တိုင်ကျေးရွာက ဓားစာခံအဖြစ် ဖမ်းဆီခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေတောင်းဆို

သြဂုတ် ၂၅-၂၀၂၂ Voice Of Myanmar(VOM) ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာက ဒေသခံ (၂၄) ဦးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၁၁) ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလိုဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြီးခဲ့တဲ့ (၁၇) ရက်နေ့က အသက် (၅၈) နှစ်အရွယ် ဦးမျိုးမြင့်နဲ့ အသက် (၁၃) နှစ်အရွယ် ပေါက်ကြီးဆိုတဲ့လူငယ်တို့ ပြန်လွှတ်လာပြီး (၁၉) ရက်နေ့က ဝင်းကုန်းရွာမှာ အသက် (၄၀) ဝန်းကျင်အရွယ် ကိုညီစိုးကိုထားရစ်ခဲ့တယ်လို့လည်း ရွာသားတွေကပြောပါတယ်။ ကျန်နေသေးတဲ့ (၁၉)ရောက်ကတော့ ဒီကနေ့အချိန်အထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။ လက်ရှိဖမ်းဆီးခံထားရသူတွေဟာ မိသားစုရဲ့ စားဝတ်နေရေးတွေဟာ ဦးဆောင်လုပ်ကိုင်ကျွေးမွေးနေသူတွေဖြစ်တာကြောင့် အခုလိုဖမ်းဆီးခံထားရချိန်မှာ ကျန်ရစ်တဲ့မိသားစုဝင်တွေ စားဝတ်နေရေးခက်ခဲနေသူတွေလည်းရှိနေပါတယ်။ ဒါကြောင့်ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။ #voiceofmyanmar #VOM #ရင်ပေါင်တိုင် Youtube Link –…

Read More

ပျောက်ကွယ်လို့သွား၊ ဈေးများ၊ ဝင်းများ၊ အတန်းများ

ဆူးငှက် သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးရတနာပုံမင်းနေပြည်နှင့် မြို့သစ်တည်ပြီးနောက် လေးပြင်လေးရပ်တွင် အိမ်ခြေများ တည်ရှိလာသည်နှင့်တစ်ပြိုင်တည်း ဈေးများရှိသည်။ မန္တလေး၏ အထင်ကရဈေးကြီးဖြစ်သော ဈေးချိုတော်သည်လည်း မန္တလေးမြို့တည်သည်နှင့် “ဈေးကြိုတော်”အမည်ဖြင့် တည်ရှိခဲ့သည်။ စင်စစ်ဈေးချိုတော်သည် အင်းဝမင်းနေပြည်၊ အမရပူရမင်းနေပြည်တို့မှာကတည်းက ပါရှိခဲ့သည်။ထို့ကြောင့် ထိုမင်းနေပြည်များ၏ အစဉ်အဆက်ဖြစ်သော မန္တလေးရတနာပုံတွင်လည်း ဈေးချိုတော်ပါရှိခဲ့ခြင်းဖြစ်၏။ထိုစဉ်က ဈေးကြို(ဈေးချိုတော်)သည် ယခု ငါးပိတန်းလက်ကြားနေရာဖြစ်သည်ဟု မှတ်သားရသည်။ ဈေးချိုနှင့်အတူမြို့ပေါ်၊ မြို့ပြင်ဝန်းကျင် ဈေးပေါင်း ၃၀ကျော်ရှိပြီး အချို့ဈေးများက တစ်နေကုန်ရောင်းချကြသည်ဟုဆို၏။ အချို့ဈေးများက နံနက်ခင်းတွင် ရောင်းချသည်။အချို့ဈေးများက ညနေခင်းဈေးသို ့ပြောင်းရွှေ့ရောင်းချကြသည်။ ထိုစဉ်ကဈေးသည်များ၏ ပုံရိပ်ကား ဈေးတောင်းကို ခေါင်းရွက်၍ မြို့၏လေးပြင်လေးရပ်ကို ခြေကျင်သွားလာကြပုံများဖြစ်သည်။ ၁၈၈၆ ခုနှစ်မတိုင်မီ မန္တလေးမြို့တော်ပုံ ပုရပိုက်မြေပုံတစ်ခုတွင်တော့ ထိုစဉ်က ထင်ရှားသည့် ဈေးကြီးများ၏ နေရာများဖော်ပြထားပုံကိုတွ့ရှိရသည်။ ထိုဈေးမှာ (၁)ဈးချို (၂) ယိုးဒယားဈေး (၃) မလွန်ဈေး (၄)ညွှန့်ပေါင်းဈေး…

Read More

ကျိုက်လတ်မှာ မြန်မာ့စီးပွားရေးဘဏ် ဓားပြတိုက်ခံရ

သြဂုတ်၊ ၂၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာ ဒီကနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ရာနဲ့ချီပါသွားတယ်လို့ ဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ မျက်နှာဖုံးတွေစွပ်ထားတဲ့ အမည်မသိ လူ ၇ ဦးကနေ ကားပေါ်ကဆင်းလာပြီး သေနတ်ထောက်ကာ ပိုက်ဆံတွေထည့်ခိုင်းပြီးတော့ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ”လူ ၇ ဦးပါတဲ့အဖွဲ့ပါ ကား ၁ စီးနဲ့ရောက်ရှိလာပြီး ဓားပြတိုက်သွားတာ၊ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး ၊ကြောက်တော့ ပိုက်ဆံတွေထည့်ပေးလိုက်တာ ၊ သိန်း ၅၀၀လောက်လို့တော့ သိရတယ်၊ အခု CCTV တွေနဲ့ တိုက်စစ်ဆေးနေတယ် ၊ သူတို့ ၇ ယောက်လုံးက မျက်နှာဖုံးတွေစွပ်ထားကြတယ်။ ”လို့ အဲ့ဒီဘဏ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။ အဲ့ဒီဘဏ် ဓားပြတိုက်မှုဖြစ်ပွားပြီးတော့ ကျိုက်လတ်မြို့ပေါ်နဲ့ မြို့အဝင်၊အထွက်ဂိတ်တွေမှာ လုံခြုံရေးတွေက ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေပြီး…

Read More

ပါကစ္စတန်ဘက်ကို ဒုံးကျည်မတော်တဆပစ်ခတ်မှု အိန္ဒိယလေတပ် တာ၀န်ရှိသူတွေကို ထုတ်ပယ်

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံဘက်ကို မတ်လအတွင်းက ဒုံးကျည်မတော်တဆပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး အိန္ဒိယလေတပ်မှ တာ၀န်ရှိသူသုံးဦးကို အိန္ဒိယအစိုးရက ထုတ်ပယ်လိုက်ပါတယ်။ အဲဒီမတော်တဆဖြစ်စဉ်ကြောင့် နျူကလီးယားလက်နက်ပိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အလားတူအမှားမျိုး ကြိမ်ဖန်များစွာမဖြစ်ပေါ်စေဖို့နဲ့ ဒီလိုပေါ့ဆမှုကြောင့် မနှစ်မြို့ဖွယ်အကျိုးဆက်တွေကို သတိထားဖို့ ပါကစ္စတန်က သတိပေးပြောဆိုပါတယ်။ မတ် ၉ ရက်ကဖြစ်ပွားခဲ့တဲ့ ဒုံးကျည်မှားယွင်းပစ်ခတ်ခဲ့ခြင်းအတွက် တာ၀န်ရှိတဲ့ လေတပ်အရာရှိတွေကို တာ၀န်မှရပ်စဲလိုက်ကြောင်း အိန္ဒိယလေတပ်က သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ မှားယွင်းပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမြင့်ပေလေးသောင်းမှာ ပျံသန်းခဲ့ပြီး ပါကစ္စတန်လေပိုင်နက်အတွင်း ၇၇ မိုင်ထိ၀င်ရောက်ပျံသန်းခဲ့ကြောင်း ပါကစ္စတန်လေတပ်က ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဒေလီ

Read More

မုံရွာ-သာစည်-အရာတော်ကားလမ်းမှာ ၁၂ ဘီးကား ၂ စီး လုယက်ခံရပြီး ၊ ကားသမားတွေ ပျောက်ဆုံးနေ

သြဂုတ် ၊ ၂၄-၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကံပြားကြီးကျေးရွာအနီး မုံရွာ-သာစည်-အရာတော်-ရွှေဘိုကားလမ်းမှာ မနေ့ သြဂုတ် ၂၃ ရက် ၊ ညနေပိုင်းက ၊ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကုန်တင်ကား ၂ စီးဟာ လုယက်ခံရတာကြောင့် ကားပေါ်ပါ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ကားသမားတွေ ပျောက်ဆုံးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ဆောက်လုပ်ရေး လုပ်ငန်းသုံး ၊ သံပင်တွေသယ်လာတဲ့ ၁၂ ဘီးကား ၂ စီး အလုခံရတာပါ ၊ ၁၈ မီလီမီတာ ဆိုက်နဲ့ ၁၆ မီလီမီတာ ဆိုက် သံပင်တွေ ကား ၁ စီးကို ၁၀ တန်ပါတယ် ၊ ကား ၂ စီးဆိုတော့…

Read More

ဧရာ၀တီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော် ထောင်၃နှစ်ချမှတ်ခံရ

သြဂုတ် ၂၄-၂၀၂၂ Voice Of Myanmar ဧရာဝတီသတင်းဌာနက ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော် ကို ဒီကနေ့ သြဂုတ် ၂၄ရက်မှာပဲ အိုးဘိုထောင်းတွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်၃ နှစ်အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းအ၀ိုင်းကနေ သိရပါတယ်။ ကိုဇော်ဇော် ကို ၂၀၂၂ခုနှစ် ဧပြီ ၁၀ ရက်က နေအိမ်ကိုပြန်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပြီးနောက်ပိုင်း အိုးဘိုအကျဥ်းထောင်ကို ပို့ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် ကိုဇော်ဇော်ဟာ မေလ ၆ရက်နေ့က အိုးဘိုထောင်တွင်းတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံရပြီး ရုံးတင်စစ်ဆေးခံခဲ့ရကာ ဒီကနေ့မှာ ထောင်၃နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကိုဇော်ဇော်(ဓာတ်ပုံသတင်းထောက်ဟောင်း) #ထောင်သုံးနှစ်ချမှတ်ခံရ

Read More

ထိုင်းအာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာကို ရာထူးမှဆိုင်းငံ့ထားဖို့ တရားရုံးဆုံးဖြတ်

ဘန်ကောက်၊ သြဂုတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ ရာထူးသက်တမ်း ရှစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရာထူးကနေဆိုင်းငံ့ဖို့ သြဂုတ် ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းအတိုက်အခံပါတီတွေဟာ ၀န်ကြီးချုပ်ပရာယွတ်ရဲ့ ရာထူးသက်တမ်း ပြည့်သွားပြီဖြစ်တာကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တွေကို ရာထူးသက်တမ်း ရှစ်နှစ်သာကန့်သတ်ထားပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး သြဂုတ်လမှာ အာဏာသိမ်းအစိုးရရဲ့ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အာဏာသိမ်းအစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ၀န်ကြီးချုပ်ရာထူးကို ထပ်မံ ရယူခဲ့သူဖြစ်ပြီး လက်ရှိချိန်မှာတော့ သူရဲ့ရာထူးသက်တမ်းကုန်ဆုံးပြီလို့ အတိုက်အခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးစီရင်ချက်ချဖို့ရှိနေသေးပေမယ့် ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်နေချိန်မှာ ၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။ ရာထူးကနေ ဆိုင်းငံ့ထားဖို့ကိစ္စကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ တရားသူကြီး ကိုးဦးမှာ…

Read More

ဥရောပမှာ နှစ်(၅၀၀)အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရ

ဘရပ်ဆဲလ်၊ သြဂုတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) ဥရောပဒေသရဲ့ သုံးပုံနှစ်ပုံဟာ နှစ်ပေါင်း ၅၀၀ အတွင်းအဆိုးရွားဆုံး မိုခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရကြောင်း သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ဥရောပတိုက်ကြီးရဲ့ ၄၇ ရာခိုင်နှုန်းဟာ မြေဆီလွှာခြောက်ခမ်းသွားစေတဲ့ မိုးခေါင်ရေရှားမှု သတိပေးချက်အောက်မှာရှိနေကြောင်း ကမ္ဘာ့လုံးဆိုင်ရာ မိုးခေါင်ရေရှားမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခြား ၁၇ ရာခိုင်နှုန်းဟာ ကောက်ပဲသီးနှံတွေ ကောင်းစွာဖြစ်ထွန်းခြင်းမရှိနိုင်တဲ့ အခြေအနေအောက်မှာ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို ပူပြင်းခြောက်သွေ့မှုတွေက သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်ပြီး တောမီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားနိုင်ကာ ဥရောပတောင်ပိုင်းဒေသအချို့မှာ လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆားဘီးယားမြောက်ပိုင်း၊ ယူကရိန်း၊ မော်လ်ဒိုဗာ၊ အိုင်ယာလန်နှင့်…

Read More

စစ်ကိုင်းတိုင်းမှာ ၁၈ လအတွင်း ပရဟိတသမား ၅၀ ကျော် ဖမ်းဆီးခံထားရ

သြဂုတ် ၊ ၂၄ ၊ ၂၀၂၂ SP( VOM) ပြီးခဲ့တဲ့ ၁၈ လတာ ၊ ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက လူမှုကူညီရေးနဲ့ နာရေးကိစ္စတွေကို အခမဲ့ ကူညီဝန်ဆောင်မှုပေးနေတဲ့ ပရဟိသမား ၅၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖမ်းဆီးခံရတဲ့အထဲက ပြန်လွတ်လာတဲ့သူ တချို့ရှိသလို ၊ အမှုဖွင့်အရေးယူခံရပြီး ဒီကနေ့အထိ အဆက်သွယ်မရတဲ့သူတွေလည်း ရှိတယ်လို့ စစ်ကိုင်းတိုင်းအခြေပြု လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မြို့နယ်ပေါင်း ၂၀ ကျော်မှာ ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတသမား ၅၀ ကျော် ဖမ်းခံရပြီးနောက်ပိုင်း အခုထိ အဆက်အသွယ်ပြတ်တောက်နေတယ် ၊ ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိရဘူး “လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။ မုံရွာမြို့ခံ ပရဟိတသမား တယောက်ကလည်း ” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီထဲမှာ…

Read More
VOM News

FREE
VIEW