ဧရာ၀တီသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော် ထောင်၃နှစ်ချမှတ်ခံရ

သြဂုတ် ၂၄-၂၀၂၂
Voice Of Myanmar

ဧရာဝတီသတင်းဌာနက ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော် ကို ဒီကနေ့ သြဂုတ် ၂၄ရက်မှာပဲ အိုးဘိုထောင်းတွင်းတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်၃ နှစ်အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းအ၀ိုင်းကနေ သိရပါတယ်။

ကိုဇော်ဇော် ကို ၂၀၂၂ခုနှစ် ဧပြီ ၁၀ ရက်က နေအိမ်ကိုပြန်လာချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပြီးနောက်ပိုင်း အိုးဘိုအကျဥ်းထောင်ကို ပို့ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ကိုဇော်ဇော်ဟာ မေလ ၆ရက်နေ့က အိုးဘိုထောင်တွင်းတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံရပြီး ရုံးတင်စစ်ဆေးခံခဲ့ရကာ ဒီကနေ့မှာ ထောင်၃နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုဇော်ဇော်(ဓာတ်ပုံသတင်းထောက်ဟောင်း) #ထောင်သုံးနှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW