ဥရောပမှာ နှစ်(၅၀၀)အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရ

ဘရပ်ဆဲလ်၊ သြဂုတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

ဥရောပဒေသရဲ့ သုံးပုံနှစ်ပုံဟာ နှစ်ပေါင်း ၅၀၀ အတွင်းအဆိုးရွားဆုံး မိုခေါင်ရေရှားမှုနဲ့ ရင်ဆိုင်နေရကြောင်း သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

ဥရောပတိုက်ကြီးရဲ့ ၄၇ ရာခိုင်နှုန်းဟာ မြေဆီလွှာခြောက်ခမ်းသွားစေတဲ့ မိုးခေါင်ရေရှားမှု သတိပေးချက်အောက်မှာရှိနေကြောင်း ကမ္ဘာ့လုံးဆိုင်ရာ မိုးခေါင်ရေရှားမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခြား ၁၇ ရာခိုင်နှုန်းဟာ ကောက်ပဲသီးနှံတွေ ကောင်းစွာဖြစ်ထွန်းခြင်းမရှိနိုင်တဲ့ အခြေအနေအောက်မှာ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို ပူပြင်းခြောက်သွေ့မှုတွေက သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်ပြီး တောမီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားနိုင်ကာ ဥရောပတောင်ပိုင်းဒေသအချို့မှာ လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။

အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆားဘီးယားမြောက်ပိုင်း၊ ယူကရိန်း၊ မော်လ်ဒိုဗာ၊ အိုင်ယာလန်နှင့် ဗြိတိန်တို့တွင် မိုးခေါင်ရေရှားမှု အန္တရာယ် ပိုမိုဆိုးရွားလာနေကြောင်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW