ရင်ပေါင်တိုင်ကျေးရွာက ဓားစာခံအဖြစ် ဖမ်းဆီခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေတောင်းဆို

သြဂုတ် ၂၅-၂၀၂၂
Voice Of Myanmar(VOM)

ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာက ဒေသခံ (၂၄) ဦးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၁၁) ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလိုဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြီးခဲ့တဲ့ (၁၇) ရက်နေ့က အသက် (၅၈) နှစ်အရွယ် ဦးမျိုးမြင့်နဲ့ အသက် (၁၃) နှစ်အရွယ် ပေါက်ကြီးဆိုတဲ့လူငယ်တို့ ပြန်လွှတ်လာပြီး (၁၉) ရက်နေ့က ဝင်းကုန်းရွာမှာ အသက် (၄၀) ဝန်းကျင်အရွယ် ကိုညီစိုးကိုထားရစ်ခဲ့တယ်လို့လည်း ရွာသားတွေကပြောပါတယ်။

ကျန်နေသေးတဲ့ (၁၉)ရောက်ကတော့ ဒီကနေ့အချိန်အထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရသူတွေဟာ မိသားစုရဲ့ စားဝတ်နေရေးတွေဟာ ဦးဆောင်လုပ်ကိုင်ကျွေးမွေးနေသူတွေဖြစ်တာကြောင့် အခုလိုဖမ်းဆီးခံထားရချိန်မှာ ကျန်ရစ်တဲ့မိသားစုဝင်တွေ စားဝတ်နေရေးခက်ခဲနေသူတွေလည်းရှိနေပါတယ်။

ဒါကြောင့်ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ရင်ပေါင်တိုင်

Youtube Link – https://youtu.be/vVeLXt3Hahk

Related posts

Leave a Comment

VOM News

FREE
VIEW