အင်းတော်မြို့က သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေး ပရဟိတသမား ၄ ဦး ပျောက်ဆုံးနေ

သြဂုတ်၂၅-၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့အခြေစိုက် ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီထောက်ပံရေး ပရဟိတသမား ၄ ဦးဟာ မနေ့ဩဂုတ်၂၄ ရက် ညနေပိုင်းက အင်းတော်မြို့ကနေ ကသာမြို့ကို သွားတဲ့လမ်းမှာ ကားရော လူတွေပါ ပျောက်ဆုံးသွားတာ ဒီကနေ့အထိ အဆက်သွယ် မရသေးဘူးလို့ အင်းတော်မြို့ခံတွေဆီက သိရပါတယ်။

” အင်းတော်နဲ့ ကသာက ၁၂ မိုင်လောက်ပဲဝေးတာပါ ၊ ဒီလ ၂၂ ရက် ၊ ညနေ ၄ နာရီဝန်းကျင်လောက်က ဦးကောင်းမြတ်ဇော် ၊ ဦးဝင်းဦး ၊ ဦးကျော်ရွှေဦးနဲ့ ဦးဇော်ထွန်းအောင်တို့ ၄ ယောက်ဟာ အသင်းတာဝန်လုပ်ငန်းတွေနဲ့ လိုက်ထရပ်ကား အဖြူရောင်စီးပြီး ကသာမြို့ကိုသွားရင်း လမ်းမှာပျောက်ဆုံးနေတာဖြစ်တယ်”လို့ ဖြူစင်မေတ္တာ သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေး အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ကသာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီ ပရဟိတသမား ၄ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးချုပ်နှောင်ထားတာ မရှိဘူး ၊ အင်းတော်နဲ့ ကသာအကြား နဘားလမ်းခွဲနားမှာ တချို့အဖွဲ့တွေ လှုပ်ရှားနေတာ ရှိတတ်တယ် ၊ သူတို့ ဖမ်းထားတာဖြစ်တာလို့ ကနဦး သတင်းရထားတယ် ” လို့ ပြောပါတယ်။

အင်းတော်မြို့ခံ မြို့မိ မြို့ဖ တယောက်ကလည်း “အဆက်သွယ်မရ ပျောက်ဆုံးနေတာ ဒီကနေ့ဆို ၃ ရက်ရှိပြီ ၊ ဘယ်အဖွဲ့အစည်းကမှ သူတို့ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးဘူး ၊ သူတို့ ၄ ယောက်လုံးက ပရဟိတသက်သက်ပဲလုပ်တယ် ၊ နိုင်ငံရေး အရောင်းအသွေး မရှိဘူး ၊ သူတို့ မိသားစုတွေနဲ့ မြို့ခံတွေက အရမ်းစိတ်ပူနေကြတာ “လို့ ပြောပါတယ်။

၂၀၂၂ခုနှစ် ၈ လအတွင်းမှာ ကသာခရိုင်ထဲက မြို့နယ်တွေမှာ ရှမ်းနီ တိုင်းရင်းသားစာပေနဲ့ယဥ်ကျေးမှုအဖွဲ့က အဖွဲ့ဝင်တွေ ၊ ဘုန်းကြီးတွေ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ၊ ဒေသလူငယ့်တာဝန်ခံခေါင်းဆောင်တွေ ၊ ပရဟိတသမားတွေနဲ့ ကျောင်းဆရာတွေ ပျောက်ဆုံးနေတာ ၃ ဒါဇင်မက ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo-ပျောက်ဆုံးနေသူ ပရဟိတသမား ၄ ဦး
#voiceofmyanmar #VOM #အင်းတော်

Related posts

Leave a Comment

VOM News

FREE
VIEW