မြင်းခြံမြို့က ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့ ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။

” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊ နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် ရွှေထည်ပစ္စည်းမျိုးစုံကို လုယူသွားတာ ” လို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့နီးစပ်သူ တယောက်က အတည်ပြုပြောပါတယ်။

အဲ့ဒီ လုယက်မှုနဲ့ ပတ်သက်ပြီး မြင်းခြံမြို့ခံ ရွှေလုပ်ငန်းရှင် တယောက်က ” သေခြာ စနစ်တကျ စီစဥ်ပြီးမှ လုပ်တာဖြစ်နိုင်တယ် ၊ နေ့လယ် ၁ နာရီကျော် အချိန်ဆိုတာ စျေးတိုင်းမှာက စျေးတိတ်နေတဲ့အချိန်ဖြစ်တယ် ၊ အခုလိုဖြစ်စဥ်က မြင်းခြံမှာ ရွှေချိန်ပမာဏ အများဆုံးနဲ့ ပထမဆုံးဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ရွှေဆိုင် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူဖို့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာ ဒီလအတွင်း ရွှေရတနာဆိုင် လုယက်ခံရတဲ့ ဖြစ်ပွားမှုပေါင်း ၅ ခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ #ဝိန့်ဆန်းရွှေဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW