အီရတ်သမ္မတအိမ်တော်ကို ဆန္ဒပြသူတွေ၀င်စီး ၊ ရဲတပ်ဖွဲ့နဲ့ပဋိပက္ခတွေကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

ဘဂ္ဂဒက်၊ သြဂုတ်-၃၀-၂၀၂၂
မျိုးဆက်(VOM)

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်မှာ သြဇာကြီးတဲ့ ရှီးယိုက်ဘာသာရေးခေါင်းဆောင် ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအကြား ပဋိပက္ခတွေကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။

ဘာသာရေးခေါင်းဆောင် Moqtada al-Sadr ကိုထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ သမ္မတနန်းတော်ကို ၀င်စီးပြီးနောက် ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Moqtada al-Sadr ဟာ နိုင်ငံရေးကနေ အနားယူကြောင်း ကြေညာပြီးနောက်မှာ အခုလိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပါလီမန်အမတ်နေရာ အများစုကို အနိုင်ရခဲ့ပေမယ့်လည်း အစိုးရဖွဲ့ဖို့အတွက် အီရန်ကျောထောက်နောက်ခံပြုတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အီရတ်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပွားနေတာ တနှစ်ကျော်ရှိလာပြီဖြစ်ပြီး သမ္မတ သို့မဟုတ် ၀န်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လွှတ်တော်ကိုယ်စားလှယ် ၇၀ နှုတ်ထွက်ခဲ့ပြီး ရွေးကောက်ပွဲသစ် ကျင်းပသင့်တယ်လို့ သူတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဘဂ္ဂဒက်

Related posts

Leave a Comment

VOM News

FREE
VIEW