ဩဂုတ် ၂၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဩဂုတ်လ ၂၆ ရက်နေ့က စပြီး တပ်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဟာ ဒီကနေ့အထိစစ်ရေးပဋိပက္ခဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းကစပြီး မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့၊ မင်းခမောင်းတိုက်နယ်အနီးတို့မှာ တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအခြေအနေနဲ့ ပတ်သက်ပြီး မင်းခမောင်းတိုက်နယ်ရှိ ဒေသခံတဦးက”တိုက်ပွဲဖြစ်ကြတယ်ဆိုတာကတော့ သေချာပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ကြတဲ့အသံပါပဲ။ ဒီနေ့ဆိုရင်လည်း လေယာဉ်နဲ့ ငရံ့ချောင်းအထက်ဘက် တောင်ပေါ်သို့ လာကြဲပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ ခဏလေးကမှ ပြန်သွားတယ်” လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မင်းခမောင်းရွာအလွန် ခမောင်းဆိပ်ဗျူဟာကုန်းအောက်မှာ ဖြစ်ကြတာလို့ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။ တိုက်ပွဲစဖြစ်တဲ့နေကအခြေအနေကို ဒေသခံ ပညာရေးဝန်ထမ်းတဦးက“၂၆ ရက်နေ့ ၄ နာရီခွဲလောက်မှာ မင်းခမောင်းရွာရဲ့ မြောက်ဘက်ကနေ သေနတ်…
Read MoreMonth: August 2022
လူ ၁၀၀၀ ကျော်သေပြီး ၃၃ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရေဘေးကြောင့် နိုင်ငံတကာအကူအညီတွေ ပါကစ္စတန်တောင်းခံ
အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ လူ ၁၀၀၀ ကျော်သေဆုံးခဲ့တဲ့ ရေဘေးကြောင့် နိုင်ငံတကာက အကူအညီတွေပေးဖို့ တာ၀န်ရှိသူတွေက တောင်းခံထားရပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ယူအေအီးနဲ့ အခြားနိုင်ငံတွေက ရေဘေးအတွက် ကူညီမှုတွေ ပေးခဲ့ပေမယ့်လည်း ရန်ပုံငွေများစွာ လိုအပ်နေသေးတယ်လို့ ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာနက တာ၀န်ရှိသူ ဆယ်လ်မန်ဆူဖီက ပြောပါတယ်။ နိုင်ငံတွင်းမှာ ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရေဘေးသင့်ပြည်သူတွေကို အစွမ်းကုန်ကူညီဖို့ ကြိုးစားနေကြောင်း သူကပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်မှာ မြစ်တွေရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး အရှေ့တောင်ပိုင်းမှာရှိတဲ့ Sindh ပြည်နယ်ကတော့ ရေဘေးဒဏ် အခံရဆုံးဖြစ်ပါတယ်။ ရေးကြီးရေလျှံမှုကြောင့် နိုင်ငံလူဦးရေ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၃၃ သန်းရေဘေးသင့်ခဲ့ရတယ်လို့ ပါကစ္စတန်၀န်ကြီးချုပ်…
Read Moreတရုတ်နဲ့ တင်းမာနေချိန် အမေရိကန် ဒုံးကျည်တင်စစ်သင်္ဘောနှစ်စင်း ထိုင်၀မ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်း
ဝါရှင်တန်၊ သြဂုတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန် စစ်သေင်္ဘာနှစ်စင်းဟာ ထိုင်၀မ်ရေလက်ကြားကို သြဂုတ် ၂၇ ရက်မှာ ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာပါတယ်။ အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ ထိုင်၀မ်ကို သြဂုတ်လမှာ သွားရောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီးနောက် ထိုင်၀မ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေ ပထမဆုံး ဖြတ်သန်းခုတ်မောင်းတာဖြစ်ပါတယ်။ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံကလည်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အမေရိကန်စစ်သင်္ဘော USS Antietam နဲ့ USS Chancellorsville တို့ဟာ ထိုင်၀မ်ရေလက်ကြားကို ခုတ်မောင်းခဲ့ပြီး ဒါဟာ နိုင်ငံတကာရေပိုင်နက်မှာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ကို ပြသတာဖြစ်တယ်လို့ အမေရိကန် ရေတပ်က ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားအသုံးပြုမယ်လို့…
Read Moreရုရှားစစ်တပ်ထဲ၀င်ဖို့ အကျဉ်းသားတွေကိုပါ ငွေပေးစည်းရုံးပြီး တပ်သားသစ် စုဆောင်းမှုတွေ လုပ်ဆောင်နေ
မော်စကို၊ သြဂုတ်၂၈-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ လာမယ့်လတွေအတွင်း ရုရှားစစ်တပ်မှာ တပ်ဖွဲ့၀င် ၁၃၇၀၀၀ ကို ထပ်မံခန့်အပ်နိုင်ဖွယ်ရှိတဲ့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ ရုရှားစစ်တပ်မှာ စစ်ဘက်၀န်ထမ်း တသန်းကျော်နဲ့ အရပ်ဘက်၀န်ထမ်း ကိုးသိန်းသာ ခန့်အပ်ဖို့ ကန့်သတ်ထားပါတယ်။ ရုရှားနိုင်ငံအနှံ့မှာ ငွေကြေးမက်လုံးများစွာနဲ့ တပ်သားသစ်စုဆောင်းရေး တွန်းအားပေးလုပ်ဆောင်မှုတွေရှိနေချိန်မှာ သမ္မတပူတင်က အမိန့်ကို လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ခြောက်လအတွင်း ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ချိန်မှစပြီး စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့၀င် ခုနှစ်သောင်းမှ ရှစ်သောင်းအကြား သေဆုံးခဲ့တယ်လို့ အနောက်နိုင်ငံတာ၀န်ရှိသူတွေက ပြောပါတယ်။ တပ်သားသစ်စုဆောင်းသူတွေဟာ အကျဉ်းထောင်တွေကိုပါ သွားရောက်ပြီး ထောင်ကလွတ်မြောက်ခွင့်နဲ့ ငွေကြေးပါပေးပြီး အကျဉ်းသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ရုရှားဒေသအများအပြားမှာ စေတနာ့၀န်ထမ်းတပ်ရင်းတွေ တည်ထောင်ထားကြောင်း ဗြိတိန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းစစ်မြေပြင်ကို သွားရောက်ဖို့အတွက် စိတ်အားထက်သန်မှုနည်းပါးတာကြောင့် တပ်သားသစ်တွေစုဆောင်းရေးဟာ ထင်သလောက် မလွယ်လှဘူးလို့ ဆိုပါတယ်။ Ref:…
Read Moreစစ်ကိုင်းတိုင်းမှာ ရက်၂၀ ကျော်အတွင်း မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာ
သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းက ရေဦး ၊ ဒီပဲယင်း ၊ ဝက်လက် ၊ မြင်းမူ ၊ မြောင် ၊ အရာတော် ၊ ယင်းမာပင် စတဲ့မြို့နယ်တွေထဲက ကျေးရွာတချို့ဟာ မီးရှို့ဖျက်ဆီးခံရတာကြောင့် အခုလ ရက်ပေါင်း ၂၀ ကျော်မှာ မီးဘေးဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ မီးဘေးဒုက္ခသည် ၂ သောင်း ဝန်းကျင်ရှိတယ် ၊ ဒီလ ၃ ရက်ကနေ ၂၇ ရက်အထိ ၊ ရက်ပေါင်း ၂၀ ကျော် ကာလထဲမှာ နောက်ထပ် မီးဘေး ဒုက္ခသည် ၇ ထောင်ကျော် ထပ်တိုးလာတယ် ၊ အဲ့ဒီ ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ…
Read Moreအာဠဝီ စီလမ်းပေါ်က ဘတ်ဖဲလိုးပွိုင့်
ဆူးငှက် မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင်လက်ထက်က ‘အမင်္ဂလာလမ်း’ ဖြစ်ခဲ့၏။ အာဠဝီ လမ်းဟုလည်း ခေါ်ကြ၏။ အာဠဝီတံခါး ခေါ် ကြေးမုံတံခါးသည်ပင် ‘ဂဗ္ဗေ’ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် အဆိုပါ တံခါးမှ ဝင်ထွက်သွားလာ မကြာမကြာကြုံတွေ့ရသော သူများသည် မရဏဿတိကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြ ကြည့်ရှုကြကုန်လောဟု သတိပေးသော အထိမ်းအမှတ်ဖြင့် ‘ကြေးမုံ’ တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။ နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက်ကပ်လျက်တွင်မူ သင်္ချိုင်းတော်များရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီမိဖုရားခေါင်ကြီး၊ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးများရှိသည်။ ထို့ပြင်မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်နန်းမတော် မိဖုရားခေါင်ကြီး သင်္ချိုင်းတော်ရှိသလို၊ သစ်တပ် အနောက်မြောက်ထောင့်တွင်လည်း မြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော်တစ်ခု ရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊…
Read Moreဆားလင်းကြီးနယ်ထဲက မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးထက် စားဝတ်နေရေးခက်ခဲနေ
သြဂုတ် ၂၇-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရေခါး၊ဒူးထောက်၊ကျောက်မော်၊ပိုင်းတောင်ကြီးကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့က ပြည်သူတွေရဲ့နေအိမ် (၂၀၀)ဝန်းကျင် မီးရှို့ခံခဲ့ရပြီး နေအိမ်တွေအပြင် ခိုင်းနွားတွေနဲ့ သိုးအုပ်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲ့ဒီလိုမီးလောင်ဆုံးရှုံးမှုတွေကြောင့် တောင်သူလုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ အိုးမဲ့အိမ်မဲ့နဲ့စားဝတ်နေရေးတွေကျပ်တည်းနေကြတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျေးရွာပရဟိတအဖွဲ့တွေက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးနေကြပေမယ့် ရေရှည်အတွက် လိုအပ်မှုတွေရှိနေတယ်လို့ ဒူးထောက်ကျေးရွာက ပရဟိတလူငယ်ခေါင်းဆောင် တဦးကပြောပါတယ်။ ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်းပါဝင်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဆားလင်းကြီး #မီးရှို့ခံရတဲ့ပြည်သူ #အခက်အခဲ Web Link – https://youtu.be/ACh1Y9GT5XE
Read Moreလာမယ့်နှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ် ထိုင်၀မ်သမ္မတ အဆိုပြု
တိုင်ပေ၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ ဖိအားတွေမြင့်တက်နေချိန်မှာ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်ပမာဏထိ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်က အဆိုပြုထားပါတယ်။ လာမယ့်နှစ်အတွက် အထွေထွေဘက်ဂျက်ကို သြဂုတ် ၂၅ ရက်ကပြုလုပ်တဲ့ ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဒီထဲကမှ ဒေါ်လာ ၁၉ ဒသမ ၄ ဘီလီယံရှိတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သမ္မတက အဆိုပြုထားတာဖြစ်ပါတယ်။ အဲဒီကာကွယ်ရေးအသုံးစရိတ်ဟာ ယခုနှစ်အသုံးစရိတ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားပြီး လာမယ့်နှစ်အတွက် ထိုင်၀မ်ဂျီဒီပီရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။ အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲမှာ အဆင့်မြင့် F-16V တိုက်လေယာဉ်တွေ၀ယ်ယူဖို့ ၊ ဒုံးကျည်တွေနဲ့ အခြားစစ်သုံးပစ္စည်းတွေ အမြောက်အများထုတ်လုပ်ဖို့တွေ ပါ၀င်နေပါတယ်။ ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာချိန်မှာ စစ်လေယာဉ်နဲ့ သင်္ဘောတွေ တိုးမြှင့်ချထားဖို့ လိုအပ်တာကြောင့် ကာကွယ်ရေးအသုံးစရိတ်တောင်းခံမှု ပိုမိုများပြားလာတာဖြစ်တယ်လို့…
Read Moreနောင်ချို၊ ဒိုးပင်ရွာက တိုက်ပွဲရှောင်ပြည်သူ ၆ ရာအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေ လိုအပ်နေ
ဩဂုတ် ၊ ၂၆ ၊ ၂၀၂၂ SP( VOM) ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဒိုးပင်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ ခိုလှုံနေထိုင်ဖို့ရောက်နေတဲ့ တိုက်ပွဲရှောင်တွေဟာ အစားအသောက်နဲ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒိုးပင်ရွာခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” အခုလ ၂၄ ရက်ကမှ ရောက်လာတဲ့ တိုက်ပွဲရှောင်တွေဖြစ်တယ် ၊ အိမ်ထောင်မိသားစု ၁ ရာဝန်းကျင်ရှိပြီး လူဦးရေ ၆ ရာလောက်ရှိတယ် ၊ အဲ့ဒီအထဲမှာ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါတယ်၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးနဲ့ ဆေးပစ္စည်း အလှူရှင်တွေလိုအပ်နေတာ “လို့ ဒိုးပင်ရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အခုလ ၂၀ ရက်ဝန်းကျင်ကစလို့ နောင်ချိုမြို့နယ်ထဲက လုံခင်းကျေးရွာ၊ နားခါကျေးရွာ၊ ကြံခင်းကျေးရွာဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲ့ဒီ ကျေးရွာက ဒေသခံ ၆ ရာနီးပါးဟာ…
Read Moreဝမ်တိန်မှာ ကိုဗစ်ပိုးတွေ့လို့ ဝမ်တိန် – ရွှေလီတံတားနဲ့ ဝမ်တိန် စစ်ဆေးရေးဂိတ်တွေ ယာယီပိတ်ပစ်
ဩဂုတ် ၂၆၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ကျင်းစန်းကျော့နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်၊ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့ရှိ ခေါက်ဆွဲဆိုင်မှာ မနေ့ ဩဂုတ် ၂၅ ရက်နေ့ညနေပိုင်းက ကိုဗစ်လူနာ ၁ ဦး တွေ့ခဲ့တာကြောင့် ဝမ်တိန် – ရွှေလီ တံတားနဲ့ ဝမ်တိန်စစ်ဆေးရေးဂိတ်တွေကို ခေတ္တပိတ်ထားတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ရောဂါက ဝမ်တိန်က ခေါက်ဆွဲဆိုင်မှာ တွေ့လို့။ အဲ့ဒါကြောင့် ဝမ်တိန် ခဏ ပိတ်လိုက်ပြီ။ လက်ရှိ ဝမ်တိန် နဲ့ ရွှေလီကို ဆက်သွယ်ထားတဲ့ တံတားကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်” လို့ ရွှေလီရောက် မြန်မာ ကုန်သည် ၁ ဦး က ပြောပါတယ်။ မြန်မာ ပို့ကုန်လုပ်ငန်းရှင် ၁…
Read More