ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး ခရီးသည် ၉ဦးသေ

သြဂုတ် ၊ ၂၉ ၊ ၂၀၂၂ SP ( VOM) မန္တလေးတိုင် ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့ ၊ မြို့ရှောင်လမ်းပေါ်မှာ မနေ့ သြဂုတ် ၂၈ ရက် ညပိုင်းက ယာဥ် ၂ စီး တိုက်မိပြီး အဲ့ဒီ ယာဥ်တိုက်မှုကြောင့် ခရီးသည် ၉ဦး သေဆုံးကာ ၊ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင် မီးသတ်ဌာန ၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ ” ဖြစ်တာက ဘိလပ်မြေအိတ်တွေတင်ဆောင်လာတဲ့ ၂၂ ဘီး တွဲကားနဲ့ လိုက်ထရပ်ကား တိုက်မိတာပါ ၊ စဖြစ်တာက ညပိုင်း ၇ နာရီဝန်းကျင်မှာဖြစ်တယ် ၊ လိုက်ထရပ်ကားပေါ်မှာက ခရီးသည် ခရီးသည် ၁၄ ယောက် လိုက်ပါလာတယ် ၊ အဲ့ဒီ…

Read More

မြို့မတူရိယာအသင်းကြိီးရဲ့ တေးရေးဆရာကြီး မြို့မကိုပေါ ကွယ်လွန်

သြဂုတ် ၂၉-၂၀၂၂ Voice Of Myanmar မန္တလေးမြို့မှာ ထင်ရှားကျော်ကြားတဲ့ မြို့မတူရိယာအသင်းကြီးရဲ့ တေးရေးဆရာ ဂီတစာဆို မြို့မကိုပေါဟာ မနေ့သြဂုတ် ၂၈ရက် ည၁၂ထိုးခံနီးအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မန္တလေးစာပေအသိုင်းအ၀ိုင်းကနေ သိရပါတယ်။ အသက်၉၅ နှစ်အရွယ် ဆရာကြီးမြို့မကိုပေါဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး သြဂုတ်လပိုင်းအတွင်းကပဲ နေအိမ်အတွင်း စန္ဒယားတီးပြီး ထိုင်ရာကနေ ထရာမှ ချော်လဲကာ ပေါင်ကျိုးခဲ့တယ်လို့ သိရပါတယ်။ ပေါင်ကျိုးပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး ဆေးကုသမှုခံယူနေရင်း မန္တလေးမြို့၊ ပုလင်းဝင်းရပ်က နေအိမ်မှာပဲ မနေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မြို့မကိုပေါကို မြန်မာသက္ကရာဇ် ၁၂၈၉ခုနှစ်မှာ အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းက ဦးကျော်စိုးဖြစ်ပါတယ်။ အသက် ၂၄-နှစ်အရွယ်မှာ မြို့မတူရိယာဝိုင်းအတွင်း ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ ဂီတလောကကို ရောက်ရှိခဲ့ပါတယ်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ်…

Read More

မြောက်ဦးနယ်အတွင်း လက်နက်ကြီးကျလို့ ၅နှစ်အရွယ်ကလေးတဦးအပါအ၀င် လူ၃ ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးနေရ

ဩဂုတ် ၂၉- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ မနေ့ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တပ်နဲ့ အေအေတို့ ရုတ်တရက်ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ရပ်ရွာတွေအတွင်းကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိ​ခဲ့တယ်လို့ ဒေသခံတွေဆီကနေ ​သိရပါတယ်။ သေဆုံးသူတွေဟာ မြောက်ဦးမြို့အနောက်ဘက် ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ ကင်းဆိပ်ကျေးရွာက အသက်(၅) နှစ်အရွယ်ကလေးတဦး၊ အသက်(၆၆) အရွယ် အမျိုးသမီးတဦးနဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသားတဦးတို့သေဆုံးကာ ဒဏ်ရာရသူတွေကတော့ ကင်းဆိပ်ရွာက (၇) ဦး၊ မြောက်ဦးမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေက ဘုန်းကြီးတပါးအပါအဝင် ကိုရင်(၄)ပါးနဲ့ ဘုန်းကြီးကျောင်းဝေယာဝစ္စလုပ်နေတဲ့ အမျိုးသားတဦးတို့ ဖြစ်​တယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကင်းဆိပ်ကျေးရွာက ဒေါ်အေးနုယဉ်(၆၆)နှစ်မှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားကာ အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း ကတော့ မနေ့က…

Read More

ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်နဲ့ သေဆုံးသူ ၆ ဒသမ ၄၉ သန်းရှိလာ

ဝါရှင်တန်၊ သြဂုတ်-၂၉-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၆၀၀ ကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ သြဂုတ် ၂၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဟာ ကူးစက်ခံရသူ ၉၄ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အိန္ဒိယက ၄၄ သန်းနဲ့ ဒုတိယနေရာ၊ ပြင်သစ်က ၃၅ သန်းနီးပါးနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဂျပန်နိုင်ငံက ကူးစက်သူ ၁၈ သန်းကျော်ရှိပြီး ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကမ္ဘာတ၀န်းမှာ ရောဂါကူးစက်မှုသစ်တွေ ကျဆင်းလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အချို့နိုင်ငံတွေမှာ ရောဂါစမ်းသပ်စစ်ဆေးမှုတွေ အားနည်းမှုကြောင့် ကူးစက်မှုအရေအတွက်မှာ တရား၀င်ထုတ်ပြန်ထားတာထက် ပိုမိုများပြားဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။ ကမ္ဘာ့တစ်၀န်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး လက်ရှိချိန်ထိ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၆…

Read More

၁၉၄၇ခုနှစ်ကတည်းက မြို့မအသင်းသားဖြစ်ခဲ့တဲ့ ဂီတမှူးကြီး ကြွေလွင့်ရှာပြီ

ဆူးငှက် မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်က စတင် ထူထောင်ခဲ့ပါတယ်။ စတင်တည်ထောင်ကြသူတွက ကိုဘငြိမ်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုမြအုန်း၊ ကိုရင်လေး၊ ကိုဘကြင်၊ ကိုလှဒင်၊ ကိုဘသက်၊ ကိုဘဒင်၊ ကိုမောင်မာင်(ဓားတန်းဦးသန့်) စသူတို့ ဖြစ်ပါသတဲ့။ အသင်းဥက္ကဋ္ဌကတော့ ဆိုင်းတန်းရပ်က အပေါင်ဆိုင် ပိုင်ရှင် ဦးတော်လုံဖြစ်ပါတယ်။ သူက ဂီတသမားမဟုတ်ပေမယ့် ဝါသနာရှင်လူငယ်လေးတွေ ဂီတအသင်း စတင် ထူထောင်ကြတော့ ပစ္စည်းအား၊ ငွေကြေးအားဖြင့် အားပေး ကူညီသူဖြစ်ပါတယ်။ အသင်းကို စတင်တည်ထောင်တော့ “နေပြည်တော်”၊ “ရတနာပုံ” စတဲ့ နာမည်တွေ ပေးကြပေမယ့် ကိုဘငြိမ်း(မြို့မငြိမ်း)က “နာမည်က ရိုးလွန်းတယ်” ဆိုပြီး၊ “မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်း” လို့ အမည်ပေးခဲ့တယ်။ ခေတ်ပညာတတ် ဝါသနာရှင်လူငယ်လေးများမို့ အမြော်အမြင်ရှိတယ်။ အမြင်ကျယ်တယ်။ရေရှည်တည်တံ့မှုကိုရှေ့ရှုတယ်။ ဒါကြောင့် ၁၉၂၈ ခုနှစ်မှာ “စည်းမျဉ်းဥပဒေ”ရေးဆွဲပြီး အသင်းက စနစ်တကျ ဖွဲ့စည်းခန့်ခွဲနိုင်ခဲ့တယ်။ အသင်းတစ်သင်းရဲ့ အဓိကကျတဲ့…

Read More

RCSS/SSAနဲ့ နစကတို့ ဒုတိယအကြိမ်တွေ့ဆုံ

ဩဂုတ် ၂၉-၂၀၂၂ KT(VOM) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ နစက တို့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်း နေပြည်တော် ဘုရင့်နောင်ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွင် ပထမအကြိမ် ပဏာမဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက်အမြင်ချင်းဖလှယ်ခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးကိုငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို လက်တွဲဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ကယ်ဆယ်နေရာချထားရေး နဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #နစက #RCSS/SSA#ဒုတိယအကြိမ်တွေ့ဆုံ

Read More

ရေစကြို ဘောလုံးကွင်းစျေးမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံး

သြဂုတ် ၊ ၂၉ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့ ၊ အမှတ် ၈ ရပ်ကွက် မှာရှိတဲ့ ဘောလုံးကွင်း ယာယီပျံကျစျေးမှာ ဒီကနေ့ မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၃ဦးနဲ့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်တာက မနက်အစောပိုင်း ၆ ခွဲ ၇ လောက်မှာဖြစ်တာပါ ၊ ဘောလုံးကွင်းစျေးနားကိုရောက်နေတဲ့ လုံခြုံရေးအဖွဲ့ အပစ်ခံရတာဖြစ်တယ် ၊ ရေစကြိုမြို့နယ် ၊ ပေါက်တောရွာသား ထွန်းအောင်ကျော် အပါအဝင် ပြည်သူ့စစ် ၃ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးတယ် ၊ ၆ ယောက်သေတယ် ပြောနေကြပေမယ့် အခုချိန်ထိ သိရတာ ၅ ယောက်ဖြစ်တယ်…

Read More

ကလေးခရိုင် တိမွေးကုဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဆရာဝန် ပစ်သတ်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေတဲ့ ခရိုင်တိရစ္ဆာန်မွေးမြူးရေးနဲ့ ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဆရာဝန်ဟာ မနေ့ သြဂုတ် ၂၇ ရက် ညနေပိုင်းက လမ်းမှာ ပစ်သတ်ခံရတယ်လို့ ကလေးမြို့ခံ ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။ “မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ဒေါက်တာမြင့်ဝင်းက ဆေးကုပြီး ပြန်အလာ လမ်းမှာ အမည်မသိ လူ ၂ ယောက်က ပစ်သတ်သွားတာပါ ၊ အဲ့ဒါကြောင့် ဒေါက်တာဟာ နေရာမှာတင်သေဆုံးခဲ့တာ “လို့ ကလေးမြို့ခံ တယောက်က ပြောပါတယ်။ ပစ်သတ်ခံရတဲ့ ကလေးခရိုင် တိမွေးကု ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဝင်း ကိစ္စနဲ့ ပတ်သက်ပြီး ကလေးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့…

Read More

မြင်းခြံမြို့က ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ

သြဂုတ်၂၈ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့ ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။ ” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊ နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် ရွှေထည်ပစ္စည်းမျိုးစုံကို လုယူသွားတာ ” လို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့နီးစပ်သူ တယောက်က အတည်ပြုပြောပါတယ်။ အဲ့ဒီ လုယက်မှုနဲ့ ပတ်သက်ပြီး မြင်းခြံမြို့ခံ…

Read More

ပြည်မြို့၊နဝဒေးတံတားပေါ်ကနေ အသက်၃နှစ်ကလေးနဲ့အမေဖြစ်သူ ခုန်ချမှုဖြစ်ပွား

ဩဂုတ် ၂၈-၂၀၂၂ VOM (GG) ပြည်မြို့၊ နဝဒေးတံတားပေါ် ကနေ သားအမိနှစ်ဦး ခုန်ချမှု ဒီနေ့ဩဂုတ်၂၈ ရက် ညနေ ၃ နာရီလောက်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကလေးကိုချီနေတာ မြင်တဲ့သူတွေလည်းရှိတယ်၊ဒါပေမယ့် အဲ့ဒီလိုခုန်ချမယ်လို့တော့ မထင်ကြဘူး။ပြီးမှ ခုန်ချမှန်းသိကြတာ၊ ပထမကလေးအလောင်းပေါ်လာသေးတယ်။ မခုတော့ ရေစီးနဲ့မျှောသွားတယ် မတွေ့သေးဘူး”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ မြစ်ထဲခုန်ချတဲ့ သားအမိဟာ မိခင်ဖြစ်သူကအသက် ၂၄ ဖြစ်ပြီး ကလေးက အသက် ၃ နှစ်အရွယ်ဖြစ်ကြောင်း၊ ပြည်မြို့၊ မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့သိရပါတယ်။ လက်ရှိမှာ သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေမှုတွေလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #ပြည် #နဝဒေးတံတား #သားအမိနှစ်ဦးခုန်ချမှုဖြစ်ပွား

Read More
VOM News

FREE
VIEW