အငြင်းပွားဖွယ်နယ်စပ်မှာ ရင်ဆိုင်တပ်စွဲထားတဲ့ အိန္ဒိယနဲ့တရုတ်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာမှု စတင်

ဒေလီ၊ စက်တင်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေဖြေလျှော့ဖို့အတွက် အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ဟိမ၀န္တာအနောက်ပိုင်း အငြင်းပွားဖွယ်နယ်စပ်ဒေသမှာ ရင်ဆိုင်တပ်စွဲထားတဲ့ နှစ်နိုင်ငံ တပ်ဖွဲ့၀င်တွေ ပြန်လည်ဆုတ်ခွာမှု စတင်နေပြီဖြစ်ပါတယ်။

ဒီလို နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ဆုတ်ခွာမှုဟာ ညှိနှိုင်းပြီး အစီစဉ်တကျလုပ်ဆောင်ခြင်းဖြစ်ပြီး နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ အိန္ဒိယကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေတဲ့ လာဒက်ဒေသမှာ ဆက်လက်တင်းမာမှုတွေကိုတားဆီးဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲပ တရုတ်သမ္မတရှီကျင်းပင်တို့တက်ရောက်မယ့် ဥဇဘက်နစ္စတန်မှာ လာမယ့်သီတင်းပတ်အတွင်းပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်မီ အခုလိုတပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမှု စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ အဲဒီဒေသမှာ တရုတ်နဲ့ အိန္ဒိယတပ်ဖွဲ့၀င်တွေအကြား ပဋိပက္ခတွေဖြစ်ပွားမှုကြောင့် ဒါဇင်များစွာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိလည်း နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW