ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းက နယ်မြေတွေကို ရုရှားလက်ကနေ ယူကရိန်းတပ်တွေ ပြန်လည်သိမ်းပိုက်

ကိဗ်ယက်၊ စက်တင်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေထဲက ၃၈၅ စတုရန်းမိုင်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းကပြောပါတယ်။ ခါကိဗ်ဒေသမှာရှိတဲ့ အခြေချနေထိုင်တဲ့ဒေသ ၃၀ ကျော်ထိ ရုရှားလက်အောက်ကနေ လွတ်မြောက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။ ဒါဟာ ယူကရိန်းတပ်ဖွဲ့တွေအတွက် သိသာထင်ရှားတဲ့ အောင်ပွဲဖြစ်တယ်လို့ ခါကိဗ်ဒေသရှိ ရုရှားစစ်ဘက် ထိပ်တန်းတာ၀န်ရှိသူ Vitaly Ganchev က ၀န်ခံပြောဆိုပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားကာကွယ်ရေးလိုင်းကိုပါ ဖြတ်ကျော်သွားနိုင်ခဲ့တယ်လို့ သူက ရုရှားရုပ်သံဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။ စစ်မြေပြင်ရောက် ရုရှားတပ်တွေအတွက် ထောက်ပံ့မှုတွေပေးဖို့ ရုရှားအသုံးပြုနေတဲ့ မရှိမဖြစ်ရထားလမ်းဆုံတခုဖြစ်တဲ့ Kupiansk ရဲ့ ကိုးမိုင်အကွာထိ ယူကရိန်းတပ်ဖွဲ့တွေ ရောက်ရှိနေကြပြီလို့ Institute for the Study of War think tank ရဲ့လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရုရှားကလည်း တပ်ဖွဲ့၀င်…

Read More

ရေနံချောင်းမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၁၅ ယောက်ဖမ်းမိ

  စက်တင်ဘာ ၁၀-၂၀၂၂ VOM (GG) မကွေးတိုင်း ၊ရေနံချောင်းမြို့နယ်မှာ ဒီနေ့ စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းက နိုင်ငံသားအထောက်ထားမဲ့သူ ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက်အစော ၄ နာရီကျော်လောက်မှာ ရေနံချောင်းမြို့နယ်၊ တွင်းကုန်းရပ်ကွက်က နေအိမ်တအိမ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၁၂ ဦး နဲ့ရပ်ကွက်အတွင်းက လူ ၃ ဦး အားလုံးပေါင်း ၁၅ ဦးကို ရဲနဲ့တာဝန်ရှိသူတွေက ကင်းလှည့်ချိန်မှာ ရှာဖွေတွေ့ရှိဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်အဖွဲ့နဲ့ တွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်ချိန် ၃ ယောက်ကိုအရင်တွေ့တယ်။ထပ်စစ်တော့ ရပ်ကွက်ထဲက ဦးအောင်မျိုးဆိုသူရဲ့ ‌ခြံထဲက အဆောင်မှာ ၂ ယောက်ထပ်တွေ့တာ ၊ ဦးအောင်မျိုးကတော့ ထွက်ပြေးလို့ အခုထိ မမိသေးဘူး ၊ရဲစခန်းကတော့ လိုက်ရှာနေတယ် ၊ ရေနံချောင်းမှာ အခုလိုမျိုးမိတာ အရင်ကမကြားဖူးဘူး”လို့…

Read More

အငြင်းပွားဖွယ်နယ်စပ်မှာ ရင်ဆိုင်တပ်စွဲထားတဲ့ အိန္ဒိယနဲ့တရုတ်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာမှု စတင်

ဒေလီ၊ စက်တင်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေဖြေလျှော့ဖို့အတွက် အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ဟိမ၀န္တာအနောက်ပိုင်း အငြင်းပွားဖွယ်နယ်စပ်ဒေသမှာ ရင်ဆိုင်တပ်စွဲထားတဲ့ နှစ်နိုင်ငံ တပ်ဖွဲ့၀င်တွေ ပြန်လည်ဆုတ်ခွာမှု စတင်နေပြီဖြစ်ပါတယ်။ ဒီလို နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ဆုတ်ခွာမှုဟာ ညှိနှိုင်းပြီး အစီစဉ်တကျလုပ်ဆောင်ခြင်းဖြစ်ပြီး နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ အိန္ဒိယကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေတဲ့ လာဒက်ဒေသမှာ ဆက်လက်တင်းမာမှုတွေကိုတားဆီးဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။ အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲပ တရုတ်သမ္မတရှီကျင်းပင်တို့တက်ရောက်မယ့် ဥဇဘက်နစ္စတန်မှာ လာမယ့်သီတင်းပတ်အတွင်းပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်မီ အခုလိုတပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမှု စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အဲဒီဒေသမှာ တရုတ်နဲ့ အိန္ဒိယတပ်ဖွဲ့၀င်တွေအကြား ပဋိပက္ခတွေဖြစ်ပွားမှုကြောင့် ဒါဇင်များစွာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိလည်း နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။ Ref: NHK Photo:AFP #voiceofmyanmar…

Read More

နယူးယောက်ပြည်နယ်မှာ ပိုလီယိုရောဂါကူးစက်မှုကြောင့် အရေးပေါ်အခြေအနေကြေညာ

၀ါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တ၀န်းတွင် ပိုလီယိုဗိုင်းရပ်စ် ပျံ့နှံ့နေကြောင်း သက်သေအထောက်အထားတွေထွက်ပေါ်လာပြီးနာက် အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၉ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ နယူးယောက်မြို့နဲ့ကပ်လျှက်ရှိတဲ့ ခရိုင်လေးခုရှိ ရေဆိုးနမူနာတွေမှာ ပိုလီယိုဗိုင်းရပ်စ်တွေ တွေ့ရှိကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိချိန်ထိ အတည်ပြုလူနာတဦးသာတွေ့ရှိသေးပေမယ့် အမေရိကန်မှာ ဆယ်စုနှစ် တခုနီးပါးအတွင်း ပိုလီယိုရောဂါ ပထမဆုံးအကြိမ် ကူးစက်မှုလည်းဖြစ်ပါတယ်။ ပြည်နယ်အရေးပေါ်အခြေအနေကြေညာပြီးနောက်မှာ ကာကွယ်ဆေးထိုးအစီအစဉ်တွေကို မြှင့်တင်သွားမှာဖြစ်ပြီး ပြည်နယ်တခုလုံးမှာ ပျှမ်းမျှ ၇၉ ရာခိုင်နှုန်ကနေ ၉၀ ရာခိုင်နှုန်းအထက်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ၁၉၅၅ ခုနှစ်မှာစတင်ခဲ့တဲ့ ကာကွယ်ဆေးထိုးအစီအစဉ်ကြောင့် အမေရိကန်မှာ ပိုလီယိုရောဂါကူးစက်မှုကို တိုက်ဖျက်နိုင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ ပိုလီယိုကင်းစင်ကြောင်း ကြေညာခဲ့ပါတယ်။ Ref: NHK Photo:Getty Images #voiceofmyanmar #VOM #၀ါရှင်တန်

Read More

မန္တလေး မြေမြို့ရိုးကြီး

ဆူးငှက် မန္တလေး ရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းကသက္ကရာဇ် ၁၂၁၈ခုမှာ စတင်တည်ထားပြီး သက္ကရာဇ် ၁၂၂၁ခုနှစ် ကဆုန်လပြည့်ကျော် ၆ရက် (၂၃-၅-၁၈၅၉) မှာမော်ကွန်းတင် ပြီးမြောက်တယ်။ရတနာပုံနေပြည်တော်ရဲ့ ရွှေကြိုးသတ် နယ်မြေက တောင်မြောက် အလျား မိုင်၃၀ခန့်၊ အရှေ့အနောက် အနံ ၈မိုင်ခန့် ရှိတယ်။ ထီးနန်းစိုက်ရာရွှေမြို့တော်က တောင်မြောက် အလျား ၆မိုင်ခွဲနဲ့ အရှေ့အနောက် ၄မိုင်ကျော် ဧရိယာ ၂၅စတုရန်းမိုင်ရှိတယ်။ရှင်ဘုရင်စံတော်မူတဲ့ ရွှေနန်းတော်တည်ရှိရာကို တစ်ဖက် တာ၆၀၀ (၁မိုင် ၂ဖာလုံ ၅၅ကိုက်) စီရှိတဲ့ မြို့ရိုး၄ဖက်နဲ့ ကာရံထားပြီး တံခါး ၁၂ရပ်ရှိတယ်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက်ပေါင်း ၅၄ကွက်နဲ့ ဖွဲ့စည်းထားတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့အပြင်ဘေးပတ်လည်မှာလည်း ပုဂံခေတ်ကတည်းက ဆည်ဖို့ထားတဲ့ ကန်တွေ သဘာဝအင်းတွေ ကန်တွေချာင်းတွေရှိတာမို့ ရွှေမြို့တော်ရဲ့ လူနေရပ်ကွက် ပတ်လည်မှာလည်း မြေမြို့ရိုးကြီး တာဖို့ခဲ့တာ…

Read More
VOM News

FREE
VIEW