မြောင်းမြမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃ ဦးအပါအဝင် ၄၂ ဦးဖမ်းမိ

စက်တင်ဘာ၊ ၂၀-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ နဲ့ ဆန်စက်အနီးမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃ ယောက်အပါအဝင် ၄၂ ယောက်ကို မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။

တခါမှ မမြင်ဖူးတဲ့ အမျိုးသမီးတဦး ရွာထဲမှာတွေ့ရလို့ ကျေးရွာတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးတဲ့အခါ ၎င်းနဲ့အတူ အထောက်အထားမဲ့သူ ၄၁ ယောက်ပါ ထပ်ပါလာတယ်လို့ သိရတာကြောင့်ကျေးရွာတာဝန်ရှိသူတွေက ရဲစခန်းကိုအကြောင်းကြားတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တာလို့ သိရပါတယ်။

ဖမ်မိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ယောက်ကို ကိုဗစ် ရောဂါ ရှိ၊ မရှိစစ်ဆေးတဲ့အခါ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

”ဆန်စက်ကျေးရွာအနီးမှာ တစ်ခါမှ မမြင်ဖူးတဲ့ အမည်မသိ အမျိုးသမီးတဦးတွေ့လို့ အုပ်ကြီးက ခေါ်ယူစစ်ဆေးတာတဲ့၊ ဒါနဲ့ ဆက်စပ် နောက်ထပ် အထောက်အထားမဲ့သူ ၄၁ ယောက်ကိုပါ ဖမ်းမိတာ ၊ အားလုံး ၄၂ ယောက် ထပ်ဖမ်းမိတယ် ၊သူတို့ကို ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက
မြောင်းမြရဲစခန်းရောက်တာနဲ့ ချက်ချင်း ကိုဗစ်-၁၉ ရောဂါ ရှိ ၊ မရှိ စစ်ဆေးတော့ ၃ ယောက်မှာရောဂါပိုးတွေ့ ရတာ တာဝန်ရှိတဲ့သူတွေက ကျန်းမာရေးနဲ့ အခြား ကိစ္စတွေကို စစ်ဆေးနေတာ တွေ့ရတယ် ၊ ပိုးတွေ့တဲ့ ၃ ယောက်ကို သပ်သပ်ထားတာ တွေ့ရတယ်”လို့ မြောင်းမြမြို့ခံ စေတနာ့ဝန်ထမ်းတဦးကပြောပါတယ်။

ဖမ်းမိတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၂ ယောက်မှာ အသက် ၁၈ နှစ်အောက် ၂၅ ယောက် အပါအဝင် အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် ဖြစ်တယ်လို့သိရပြီး သူတို့ကို မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ် ။

”မြောင်းမြ ရဲစန်းမှာ စစ်ဆေးနေတယ် ၊ တချို့ကလေးတွေ ဖျားနေတဲ့ အခြေအနေရှိတယ် ၊ ကိုဗစ် ဆင့်ပွား ကူးစက်ခံရတာ မရှိအောင် အရင်လုပ်နေရတယ် ။”လို့
တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ် ။

စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းကလည်း ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ နွယ်ညိုချောင်းကျေးရွာ ပင်လယ်ကမ်းစပ်အနီးမှာ စက်လှေသမား ၅ ဦးနဲ့ လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃၁ ယောက်ကို ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Related posts

Leave a Comment

VOM News

FREE
VIEW