အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင် မလုပ်ပါက အရေးယူမယ်လို့ လ.ဝ.က သတိပေး

စက်တင်ဘာ ၂၀-၂၀၂၂ VOM (GG) အသက် ၁၀ နှစ်ပြည်ပြီးသူတိုင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်​လိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-D Biographic Registration Software နည်ပညာနဲ့ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနဲ့ အခြားအသိအမှတ်ပြု ကဒ်တမျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော် စာရင်းသွင်းပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း မှတ်ပုံတင် ကဒ်နဲ့ အခြားအသိအမှတ်ပြုကတ်၊ ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းကို နီးစပ်ရာမြို့နယ် လဝက ရုံးကို သွားရောက်ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနာက အသိပေးထားပါတယ်။ ” ဟိုအရင်ကလို စာသင်ကျောင်းတွေမှာ လာပြီး သူတို့လုပ်ပေးရမှာ ၊သူတို့ဆီ သွားလုပ်ရမယ်ဆိုရင်တော့ အဆင်မပြေဘူး ။တနေ့လုပ်မှ တနေ့စားရတဲ့ဘဝတွေဆိုတော့ အလုပ်တရက်ပျက်ရင် စားဖို့မလွယ်ဘူး။ “လို့ အသက် ၁၃…

Read More

အာကာသထဲကို အချိန်အကြာဆုံး သွားရောက်နေထိုင်ခဲ့တဲ့ အာကာသယာဉ်မှူး ကွယ်လွန်

မော်စကို၊ စက်တင်ဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) အာကာသကို အချိန်အကြာဆုံးသွားရောက်ခဲ့တဲ့ ရုရှားအာကာသယာဉ်မှူး ဗာလာရီပိုလီယာကော့ဗ်ဟာ စက်တင်ဘာ ၁၉ ရက်မှာ ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။ ဗာလာရီပိုလီယာကော့ဗ်ဟာ ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း မီယာအာကာသစခန်းမှာ နေထိုင်ကာ ကမ္ဘာမြေကို ၄၃၇ ရက်တိုင် လှည့်ပတ်ခဲ့သူဖြစ်ပါတယ်။ သူဟာ အင်္ဂါဂြိုဟ်ကို လူသားတွေရီးရှည်သွားပါက သူတို့အနေနဲ့စိတ်ကျန်းမာရေး အခြေအနေကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိ သိရှိနိုင်ဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဗာလာရီပိုလီယာကော့ဗ်ရဲ့ ၁၄ လကြာ အာကာသခရီးစဉ်ကြောင့် သူ့ရဲ့မှတ်ဥာဏ်ဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ချို့ယွင်းချက်မရှိကြောင်း စစ်ဆေးမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။ လူ့ခန္ဓာကိုယ်ဟာ ကမ္ဘာပတ်လမ်းကြောင်းကနေ ကျော်လွန်ပြီး နက်နဲတဲ့ အာကာသအတွင်း ပျံသန်းမှုကို ကောင်းစွာကိုင်တွယ်နိုင်ကြောင်း သက်သေပြရန် သူ့ရဲ့ သုတေသနပြုချက်တွေက ကူညီပေးခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။ ဗာလာရီပိုလီယာကော့ဗ်ဟာ ၁၉၈၈…

Read More

မှတ်ပုံမတင်တဲ့ဆင်းကဒ်တွေကို ပိတ်မယ့်အပြင် လက်ကျန်ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

စက်တင်ဘာ ၂၀-၂၀၂၂ VOM (GG) မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကဒ်တွေကို အပြီးပိတ်သိမ်းမယ့်အပြင် ဆင်းကဒ်ထဲရှိတဲ့ လက်ကျန်ငွေပိုက်ဆံတွေကိုလည်း ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် ဖုန်း SIM Card တွေကိုမှတ်ပုံတင်ထားဖို့လိုအပ်ကြောင်းနဲ့ မှတ်ပုံတင်ပြုလုပ်ပြီးသားဆင်းကဒ်တွေကိုလည်း မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်အမှတ်တွေကို လ.ဝ.က က e-ID Database အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။ အချက်အလက်မကိုက်ညီရင်လည်း ဆင်းကဒ်တွေကိုပိတ်ပြီး လက်ကျန်ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းမယ်လို့ဆိုပါတယ်။ ” မှတ်ပုံတင်ကလည်း ခဏခဏတင်ခိုင်းနေတာ၊အရင်ကတည်းက ၂ ခါမကတင်ရတယ်။ အခုပြန်စစ်​ကြည့်တော့လည်း နာမည်ကလွဲနေတယ်၊ မှတ်ပုံတင် နံပါတ်ကမှန်တယ်။ဘာတွေမှန်းကိုမသိဘူး။တကယ်ဆို အရင်ကတည်းက စာချုပ်နဲ့ဝယ်ထားတဲ့ဖုန်းတွေဆို ထပ်ပြီးတင်ခိုင်းဖို့ကိုမလိုဘူး။ “လို့ MPTဆင်းကဒ်သုံးဆွဲသူတဦးကပြောပါတယ်။ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ SIM Card ရောင်းချသူတွေအနေနဲ့ လည်း SIM Card ရောင်းချရာမှာ အချက်အလက် မှန်မှန်ကန်ကန် မှတ်ပုံတင်…

Read More

အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ပြီလို့ သမ္မတဂျိုးဘိုင်ဒင် ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေပေမယ့်လည်း နိုင်ငံမှာ ကပ်ရောဂါ အဆုံးသတ်သွားပြီလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။ ကပ်ရောဂါဟာ ပြသနာတရပ်အဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း အခြေအနေတွေ လျင်မြန်စွာ တိုးတက်လာနေကြောင်း ဂျိုးဘိုင်ဒင်ကပြောပါတယ်။ လက်ရှိမှာတော့ ရောဂါကြောင့် အမေရိကန်ပြည်သူ ၄၀၀ ကျော် နေ့စဉ်သေဆုံးနေပါတယ်။ အမေရိကန်အနေနဲ့ ကပ်ရောဂါနဲ့ ပတ်သက်၍ မူဝါဒအပြောင်းအလဲမရှိသေးဘဲ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာထားခြင်းကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေးကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစတင်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အောက်တိုဘာလထိ အမေရိကန်တာ၀န်ရှိသူတွေက သက်တမ်းတိုးခဲ့ထားပါတယ်။ လက်ရှိချိန်ထိ အမေရိကန်နိုင်ငံသား တသန်းကျော်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ချိန်ဟာ မျက်စိအောက်မှာပင်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက လွန်ခဲ့တဲ့…

Read More

မြောင်းမြမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃ ဦးအပါအဝင် ၄၂ ဦးဖမ်းမိ

စက်တင်ဘာ၊ ၂၀-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ နဲ့ ဆန်စက်အနီးမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃ ယောက်အပါအဝင် ၄၂ ယောက်ကို မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။ တခါမှ မမြင်ဖူးတဲ့ အမျိုးသမီးတဦး ရွာထဲမှာတွေ့ရလို့ ကျေးရွာတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးတဲ့အခါ ၎င်းနဲ့အတူ အထောက်အထားမဲ့သူ ၄၁ ယောက်ပါ ထပ်ပါလာတယ်လို့ သိရတာကြောင့်ကျေးရွာတာဝန်ရှိသူတွေက ရဲစခန်းကိုအကြောင်းကြားတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တာလို့ သိရပါတယ်။ ဖမ်မိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ယောက်ကို ကိုဗစ် ရောဂါ ရှိ၊ မရှိစစ်ဆေးတဲ့အခါ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ”ဆန်စက်ကျေးရွာအနီးမှာ တစ်ခါမှ မမြင်ဖူးတဲ့ အမည်မသိ အမျိုးသမီးတဦးတွေ့လို့…

Read More

မုံရွာ-ပုလဲ-ဂန့်ဂေါကားလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ရက်အကန့်အသတ်မရှိ လမ်းပိတ်ထား

စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ မကွေးတိုင်း ၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်ကိုဆက်သွယ်ထားတဲ့ ပုလဲ-ဂန့်ဂေါ-ပုံတောင် ပုံညာကားလမ်းကြောင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ဒီလ ၁၅ ရက်ကစလို့ ပိတ်ထားတာပါ ၊ ကျောမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုပြီး လမ်းကြောင်း စစ်ဆေးရေးဂိတ်တွေက ကားတွေ မလွှတ်ဘူး ၊ ပိတ်မိနေတဲ့ကားတွေ ရာနဲ့ချီပြီးရှိတယ် ၊ အဲ့ဒါကြောင့် ယာဥ်လိုင်းတွေအားလုံးနီးပါး ပိတ်ထားရတာ ၁ ပတ်ရှိတော့မယ် “လို့ မန္တလေး ၊ မုံရွာ-ဂန့်ဂေါ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ပုံတောင် ပုံညာကားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ကားသမား တယောက်က” မန္တလေး-မုံရွာ-ပခုက္ကူဘက်က အတက်ကားတွေဟာ ကျောမြို့မှာ ရပ်ထားရတယ် ၊ အဆင်းကားတွေကတော့ လယ်မရွာဘက်ကနေ…

Read More

မြို့မငြိမ်းရဲ့ ဘုရားဈေး

ဆူးငှက် လွတ်လပ်ရေးတိုက်ပွဲသမိုင်းကာလမှာ ပေါ်ထွန်းခဲ့တဲ့ မြို့မငြိမ်းလို ပုဂ္ဂိုလ်ကြီးဟာ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကို ထင်ဟပ်စေတဲ့ သီချင်းတွေ မရေးဖွဲ့ဘဲ စာနု၊ စာယဉ်တွေနဲ့ပဲ တင်းတိမ်နေခဲ့သလားလို့ တွေးမိကောင်း တွေးထင်မိကြပါလိမ့်မယ်။ ဒါပေမယ့် ဆရာငြိမ်းဟာ စာနု၊ စာယဉ်တွေနဲ့ပဲ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ကလောင် လက်နက်နဲ့ တစ်ဘက်တစ်လမ်းက ပါဝင်ခဲ့တယ်။ ထိုသုံးပါး၊ရေခင်းတော် မြင်းခင်းတော်နဲ့ နတ်ရှင်နောင်လို သီချင်းမျိုးတွေဟာ သူ့ကျွန်ဘဝရောက်ရတဲ့ မြန်မာလူထုအတွက် မျိုးချစ်စိတ်တွေ ပေါ်ပေါက်စေဖို့ အထောက်အကူဖြစ်ရပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းနဲ့ လူချွန်လူကောင်းသီချင်းတွေကလည်း ကမ္ဘာ့လူထု၊ မြန်မာ့လူထုအတွက် မျှော်မှန်းချက်ချက် ရည်မှန်းချက်တွေကို ထပ်စပ်စေတာပဲ မဟုတ်ပါလား။ ကျွန်တော်တို့ဟာ ဆရာငြိမ်းရဲ့ သီချင်းများကို ပြန်လည်လေ့လာကြတဲ့အခါ သမိုင်းအတွက် တန်ဖိုးလည်းရှိ၊ သီချင်းရေးဆရာအဖို့ ဂုဏ်သိက္ခာလည်းရှိ၊ မွန်မြတ်မှုလည်းရှိစေတဲ့သီချင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ ဒီသီချင်းဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်နက်အားကိုးနဲ့ မတရားဖိနှိပ်တဲ့ ခေတ်ကြီးမှ နယ်ချဲ့ကို သူ့ကျွန်မခံ မျိုးချစ်စိတ်နဲ့…

Read More
VOM News

FREE
VIEW