အာကာသထဲကို အချိန်အကြာဆုံး သွားရောက်နေထိုင်ခဲ့တဲ့ အာကာသယာဉ်မှူး ကွယ်လွန်

မော်စကို၊ စက်တင်ဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

အာကာသကို အချိန်အကြာဆုံးသွားရောက်ခဲ့တဲ့ ရုရှားအာကာသယာဉ်မှူး ဗာလာရီပိုလီယာကော့ဗ်ဟာ စက်တင်ဘာ ၁၉ ရက်မှာ ကွယ်လွန်သွားပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။

ဗာလာရီပိုလီယာကော့ဗ်ဟာ ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း မီယာအာကာသစခန်းမှာ နေထိုင်ကာ ကမ္ဘာမြေကို ၄၃၇ ရက်တိုင် လှည့်ပတ်ခဲ့သူဖြစ်ပါတယ်။

သူဟာ အင်္ဂါဂြိုဟ်ကို လူသားတွေရီးရှည်သွားပါက သူတို့အနေနဲ့စိတ်ကျန်းမာရေး အခြေအနေကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိ သိရှိနိုင်ဖို့ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဗာလာရီပိုလီယာကော့ဗ်ရဲ့ ၁၄ လကြာ အာကာသခရီးစဉ်ကြောင့် သူ့ရဲ့မှတ်ဥာဏ်ဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ချို့ယွင်းချက်မရှိကြောင်း စစ်ဆေးမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။

လူ့ခန္ဓာကိုယ်ဟာ ကမ္ဘာပတ်လမ်းကြောင်းကနေ ကျော်လွန်ပြီး နက်နဲတဲ့ အာကာသအတွင်း ပျံသန်းမှုကို ကောင်းစွာကိုင်တွယ်နိုင်ကြောင်း သက်သေပြရန် သူ့ရဲ့ သုတေသနပြုချက်တွေက ကူညီပေးခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။

ဗာလာရီပိုလီယာကော့ဗ်ဟာ ၁၉၈၈ ခုနှစ်က သူ့ရဲ့ပထမဆုံးအာကာသခရီးစဉ် သွားရောက်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ ရှစ်လကြာနေထိုင်ခဲ့ပါတယ်။

နောက်ခြောက်လအကြာမှာတော့ သူ့ရဲ့အရှည်ကြာဆုံးအာကာသခရီးစဉ် သွားရောက်ခဲ့ပြီး အဲဒီစံချိန်ကို လက်ရှိချိန်ထိ မချိုးဖျက်နိုင်သေးပါဘူး။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW