မှတ်ပုံမတင်တဲ့ဆင်းကဒ်တွေကို ပိတ်မယ့်အပြင် လက်ကျန်ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

စက်တင်ဘာ ၂၀-၂၀၂၂
VOM (GG)

မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကဒ်တွေကို အပြီးပိတ်သိမ်းမယ့်အပြင် ဆင်းကဒ်ထဲရှိတဲ့ လက်ကျန်ငွေပိုက်ဆံတွေကိုလည်း ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် ဖုန်း SIM Card တွေကိုမှတ်ပုံတင်ထားဖို့လိုအပ်ကြောင်းနဲ့ မှတ်ပုံတင်ပြုလုပ်ပြီးသားဆင်းကဒ်တွေကိုလည်း မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်အမှတ်တွေကို လ.ဝ.က က e-ID Database အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

အချက်အလက်မကိုက်ညီရင်လည်း ဆင်းကဒ်တွေကိုပိတ်ပြီး လက်ကျန်ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းမယ်လို့ဆိုပါတယ်။

” မှတ်ပုံတင်ကလည်း ခဏခဏတင်ခိုင်းနေတာ၊အရင်ကတည်းက ၂ ခါမကတင်ရတယ်။ အခုပြန်စစ်​ကြည့်တော့လည်း နာမည်ကလွဲနေတယ်၊ မှတ်ပုံတင် နံပါတ်ကမှန်တယ်။ဘာတွေမှန်းကိုမသိဘူး။တကယ်ဆို အရင်ကတည်းက စာချုပ်နဲ့ဝယ်ထားတဲ့ဖုန်းတွေဆို ထပ်ပြီးတင်ခိုင်းဖို့ကိုမလိုဘူး။ “လို့ MPTဆင်းကဒ်သုံးဆွဲသူတဦးကပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ SIM Card ရောင်းချသူတွေအနေနဲ့ လည်း SIM Card ရောင်းချရာမှာ အချက်အလက် မှန်မှန်ကန်ကန် မှတ်ပုံတင် ပေးဖို့လိုအပ်သလို ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာမှာလည်း ညွှန်ကြားချက်နဲ့အညီ စနစ်တကျ ဆောင်ရွက်ရမှာဖြစ်ပြီး မလိုက်နာပါက အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မှတ်ပုံမတင်ဆင်းကဒ် #အပြီးပိတ်သိမ်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW