ရုရှားကို လက်နက်မရောင်းခဲ့သလို ရောင်းမှာလည်းမဟုတ်ဘူးလို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ စက်တင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

ရုရှားကို လက်နက်တွေမရောင်းခဲ့ဖူးသလို အနာဂတ်မှာလည်း ရောင်းဖို့အစီအစဉ်မရှိဘူးလို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲဆင်နွှဲနေတဲ့ ရုရှားဟာ မြောက်ကိုရီးယားထံက ဒုံးကျည်နဲ့ လက်နက်တွေ အများအပြား ၀ယ်ယူနိုင်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက် မြောက်ကိုရီးယားက အခုလိုက် ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ရုရှားနိုင်ငံကို ယခင်ကလည်း လက်နက်ခဲယမ်းမီးကျောက်တွေ တင်ပို့ရောင်းချတာမျိုးမရှိဘဲ အနာဂတ်မှာလည်း တင်ပို့ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ မြောက်ကိုရီးယား ကာကွယ်ရေး၀န်ကြီးဌာနက အမည်မဖော်လိုတဲ့ တာ၀န်ရှိသူတဦးကပြောပါတယ်။

အမေရိကန်နဲ့ ရန်လိုတဲ့အင်အားစုတွေဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေခံရည်မှန်းချက်တွေကို ထိခိုက်အောင်လို့ ကောလဟာလတွေဖြန့်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လက်နက်အရောင်းအ၀ယ်မှန်သမျှဟာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာကျပါတယ်။

မြောက်ကိုရီးယားနဲ့အတူ ဘက်စုံအပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့ဖို့ ရုရှားသမ္မတပူတင်က ကင်ဂျုံအန်ထံ ယခုလအစောပိုင်းက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW