သီရိလင်္ကာနိုင်ငံရဲ့ စားသောက်ကုန်စျေးနှုန်း ပြီးခဲ့တဲ့နှစ်ကထက် ၈၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်နေ

ကိုလံဘို၊ စက်တင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သြဂုတ်လအတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုဟာ ၇၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့ပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့ တရား၀င်အချက်အလက်တွေအရ စားသောက်ကုန်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၈၄ ဒသမ ၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ လူဦးရေ ၂၂ သန်းနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမ နိုင်ငံခြားငွေပြတ်လပ်မှုတွေကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လောင်စာဆီ၊ ဓါတ်မြေသြဇာနဲ့ ဆေးဝါးတွေအပါအ၀င် အဓိက ကုန်ပစ္စည်းတွေ တင်သွင်းနိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်တဲ့ တရား၀င်ကိန်းဂဏန်းတွေအရ သြဂုတ်လကုန်ထိ သုံးလတာကာလအတွင်း သီရိလင်္ကာရဲ့ စီးပွားရေးဟာ ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ကပ်ရောဂါမဖြစ်ပွားမီအချိန်က အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေတွေအတွက် ခရီးသွားလုပ်ငန်းအပေါ်မှီခိုအားထားခဲ့ရပြီး နယ်စပ်တွေပိတ်ပစ်ခြင်းနဲ့ ခရီးသွားတွေလာရောက်မှု နည်းပါးခြင်းတို့ကြောင့်…

Read More

ဟိုင်းကြီးကျွန်းမှာ ရခိုင်တိုင်းရင်းသား ၇ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၂၂-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ နေထိုင်နေတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား ၇ ဦးကို သက်ဆိုင်ရာကဖမ်းဆီးထားတယ်လို့ ဒေသတွေဆီကနေ သိရပါတယ် ။ “အဖမ်းခံရတာ ၇ ယောက် ရှိပြီ လူငယ် ၃ ယောက်က ၁၅ ရက်နေ့က ဖမ်းခံရတာ၊ မနေ့က ထပ်ဖမ်းတာက ၄ ယောက်၊ သူတို့ လာဖမ်းတဲ့သူမရှိလို့ မိဘတွေကို ဖမ်းသွားတာ ၊ ဆိုင်ကယ်စစ်မလို့ဆိုပြီး တားတော့ ရွာထဲဝင်လာပြီး ဖမ်းသွားတာ ၊ အဖမ်းခံရတဲ့သူတွေက ရခိုင်လူမျိုးတွေပါ ဟိုင်းကြီးကျွန်းမှာနေတဲ့သူတွေ ၊ ဖမ်းရတာ အခြားကိစ္စရှိလိမ့်မယ်လို့ ထင်တယ်၊ ရွာထဲမှာလည်း လုံခြုံရေးတွေ ရှုပ်ယှက် ခက်နေတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ် ။ ဖမ်းဆီးခံရတဲ့ ရခိုင်လူမျိုး ၇ ယောက်မှာ အမျိုးသမီး ၄…

Read More

ရုရှားကို လက်နက်မရောင်းခဲ့သလို ရောင်းမှာလည်းမဟုတ်ဘူးလို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ စက်တင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) ရုရှားကို လက်နက်တွေမရောင်းခဲ့ဖူးသလို အနာဂတ်မှာလည်း ရောင်းဖို့အစီအစဉ်မရှိဘူးလို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲဆင်နွှဲနေတဲ့ ရုရှားဟာ မြောက်ကိုရီးယားထံက ဒုံးကျည်နဲ့ လက်နက်တွေ အများအပြား ၀ယ်ယူနိုင်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက် မြောက်ကိုရီးယားက အခုလိုက် ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ယခင်ကလည်း လက်နက်ခဲယမ်းမီးကျောက်တွေ တင်ပို့ရောင်းချတာမျိုးမရှိဘဲ အနာဂတ်မှာလည်း တင်ပို့ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ မြောက်ကိုရီးယား ကာကွယ်ရေး၀န်ကြီးဌာနက အမည်မဖော်လိုတဲ့ တာ၀န်ရှိသူတဦးကပြောပါတယ်။ အမေရိကန်နဲ့ ရန်လိုတဲ့အင်အားစုတွေဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေခံရည်မှန်းချက်တွေကို ထိခိုက်အောင်လို့ ကောလဟာလတွေဖြန့်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ လက်နက်အရောင်းအ၀ယ်မှန်သမျှဟာ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာကျပါတယ်။ မြောက်ကိုရီးယားနဲ့အတူ ဘက်စုံအပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့ဖို့ ရုရှားသမ္မတပူတင်က ကင်ဂျုံအန်ထံ ယခုလအစောပိုင်းက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images…

Read More

အိန္ဒိယနယ်စပ်မှာ မြန်မာဘက်ကို တရားမဝင်တင်ပို့လာတဲ့ စစ်သုံးပစ္စည်းတွေ ဖမ်းဆီးရမိ

စက်တင်ဘာ ၂၂ ၊ ၂၀၂၂ SP(VOM) မြန်မာ – အိန္ဒိယ၂ နိုင်ငံနယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်မှာ မနေ့ စက်တင်ဘာ ၂၁ က မြန်မာနိုင်ငံဘက်ကို တရားမဝင် တင်ပို့မယ့် စစ်အသုံးအဆောင်ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ” သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက စစ်သုံးပစ္စည်းတွေဖြစ်တယ် ၊ ပစ္စည်းတွေက တိုက်ခိုက်ရေး ဝတ်စုံတွေ ၊ ရေဒီယို ဝတ်စုံတွေ ၊ နည်းဗျူဟာ အင်္ကျီတွေ ၊ နည်းဗျူဟာ လက်အိတ်တွေ၊ ဖိနပ်တွေ အပါအဝင် လေသေနတ်နဲ့ လေသေနတ်ကျည်ဆံတွေဖြစ်တယ် ၊ ကာလတန်ဖိုးငွေ ရူပီး ၁၆ သိန်းဝန်းကျင် ရှိတယ်” လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ ၊ ဒုရဲမှူးကြီး Mahendra Rawatက…

Read More

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ သားသမီးသုံးဦး လိမ်လည်မှုနဲ့ တရားစွဲခံရ

၀ါရှင်တန်၊ စက်တင်ဘာ-၂၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ Trump Organization ကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဒေါ်နယ်ထရန့်နဲ့ သူ့ရဲ့သားသမီးသုံးဦးကို လိမ်လည်မှုနဲ့ စက်တင်ဘာ ၂၁ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။ သူတို့ဟာ ချေးငွေရယူဖို့နဲ့ အခွန်လျှော့ပေါ့စေဖို့အတွက် အိမ်ခြံမြေလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေါ်လာ ဘီလီယံများစွာ လိမ်လည်မှုပြုခဲ့ကြောင်း တာ၀န်ရှိသူတွေက စွပ်စွဲထားပါတယ်။ Trump Organization ဟာ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လိမ်လည်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေတွေကပြောပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဒီစွပ်စွဲမှုတွေကို ပယ်ချထားပါတယ်။ ထရန့်ရဲ့ သားသမီးတွေဖြစ်ကြတဲ့ ထရန့်ဂျူနီယာ၊ အိုင်ဗန်ကာနဲ့အဲရစ်ထရန့်တို့တို့ဟာ Trump Organization မှ အမှုဆောင်အရာရှိချုပ်နှစ်ဦးနဲ့အတူ တရားခံတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Trump Organization အပေါ် သုံးနှစ်ကြာ အရပ်ဘက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ နယူးယောက်ပြည်နယ်ရှေ့နေချုပ် လက်တီးရီးယားဂျိမ်းစ်က သူတို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ Ref:…

Read More

ခင်ဦးစျေးထဲမှာ ရဲမေ ၁ ဦး ပစ်သတ်ခံရ၊စစ်ကိုင်းတိုင်းမှာ အခု ၁ ပတ်အတွင်း ရဲ ၁၀ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၊ ၂၂-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ ခင်ဦးစျေးထဲမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က စျေးဝယ်နေတဲ့ ရဲမေ ၁ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံစျေးသည်တွေဆီက သိရပါတယ်။ ” ခင်ဦးမြို့နယ် ၊ မြို့နယ်ရဲတပ်ဖွဲ့က ရဲမေ မချို ပစ်သတ်ခံရတာပါ ၊ သူစျေးဝယ်​နေတုန်း အမည်မသိ သေနတ်သမား ၂ ယောက်က ပစ်သတ်သွားတာဖြစ်တယ် ” လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” အခု ၁ ပတ်အတွင်း ရဲတပ်ဖွဲ့ဝင် ကျဆုံးမှု အရေးအတွက်ဟာ ၁၀ ဦးထက်မနည်းရှိတယ် ၊ အခုလ ၁၉ ရက်မနက်ပိုင်းက ကလေးခရိုင် ၊…

Read More
VOM News

FREE
VIEW