သီရိလင်္ကာနိုင်ငံရဲ့ စားသောက်ကုန်စျေးနှုန်း ပြီးခဲ့တဲ့နှစ်ကထက် ၈၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်နေ

ကိုလံဘို၊ စက်တင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သြဂုတ်လအတွင် နှစ်စဉ်ငွေကြေးဖောင်းပွမှုဟာ ၇၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့ပါတယ်။

အစိုးရက ထုတ်ပြန်ထားတဲ့ တရား၀င်အချက်အလက်တွေအရ စားသောက်ကုန်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၈၄ ဒသမ ၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

လူဦးရေ ၂၂ သန်းနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမ နိုင်ငံခြားငွေပြတ်လပ်မှုတွေကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လောင်စာဆီ၊ ဓါတ်မြေသြဇာနဲ့ ဆေးဝါးတွေအပါအ၀င် အဓိက ကုန်ပစ္စည်းတွေ တင်သွင်းနိုင်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်တဲ့ တရား၀င်ကိန်းဂဏန်းတွေအရ သြဂုတ်လကုန်ထိ သုံးလတာကာလအတွင်း သီရိလင်္ကာရဲ့ စီးပွားရေးဟာ ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ကပ်ရောဂါမဖြစ်ပွားမီအချိန်က အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေတွေအတွက် ခရီးသွားလုပ်ငန်းအပေါ်မှီခိုအားထားခဲ့ရပြီး နယ်စပ်တွေပိတ်ပစ်ခြင်းနဲ့ ခရီးသွားတွေလာရောက်မှု နည်းပါးခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW