အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ သားသမီးသုံးဦး လိမ်လည်မှုနဲ့ တရားစွဲခံရ

၀ါရှင်တန်၊ စက်တင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ Trump Organization ကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဒေါ်နယ်ထရန့်နဲ့ သူ့ရဲ့သားသမီးသုံးဦးကို လိမ်လည်မှုနဲ့ စက်တင်ဘာ ၂၁ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။

သူတို့ဟာ ချေးငွေရယူဖို့နဲ့ အခွန်လျှော့ပေါ့စေဖို့အတွက် အိမ်ခြံမြေလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေါ်လာ ဘီလီယံများစွာ လိမ်လည်မှုပြုခဲ့ကြောင်း တာ၀န်ရှိသူတွေက စွပ်စွဲထားပါတယ်။

Trump Organization ဟာ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လိမ်လည်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေတွေကပြောပါတယ်။ ဒေါ်နယ်ထရန့်ကတော့ ဒီစွပ်စွဲမှုတွေကို ပယ်ချထားပါတယ်။

ထရန့်ရဲ့ သားသမီးတွေဖြစ်ကြတဲ့ ထရန့်ဂျူနီယာ၊ အိုင်ဗန်ကာနဲ့အဲရစ်ထရန့်တို့တို့ဟာ Trump Organization မှ အမှုဆောင်အရာရှိချုပ်နှစ်ဦးနဲ့အတူ တရားခံတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Trump Organization အပေါ် သုံးနှစ်ကြာ အရပ်ဘက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ နယူးယောက်ပြည်နယ်ရှေ့နေချုပ် လက်တီးရီးယားဂျိမ်းစ်က သူတို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW