ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်အားလုံးနီးပါး ရုပ်သိမ်းတော့မယ်

ဘန်ကောက်၊ စက်တင်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ် မတ်လကစပြီး အရေးပေါ်အခြေအနေကြေညာတာ အပါအ၀င် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်အများစုကို အောက်တိုဘာ ၁ ရက်မှာ ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုမြင့်တက်လာခြင်း၊ ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုအရေအတွက် ကျဆင်းလာခြင်းတို့ကြောင့် ဒီလိုရုပ်သိမ်းဖို့ ဆုံးဖြတ်တာလို့ တာ၀န်ရှိသူတွေက စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်ပမှလာရောက်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံထားကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း သက်သေအထောက်အထားပြသဖို့ မလိုအပ်တော့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဂျပန်အပါအအ၀င် အခြားသောနိုင်ငံနဲ့ နယ်မြေတွေက လာရောက်သူတွေအတွက် ဗီဇာကင်းလွတ်နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်ထိ တိုးမြှင့်ပေးသွားမယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် အများပြည်သူဆိုင်ရာ လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းလိုမျိုး ကျန်းမာရေးဆိုင်ရာ အစီရင်အမံတွေကို ဆက်လက်လုပ်ဆောင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံကို ကပ်ရောဂါမဖြစ်ပွားမီက တနှစ်ကို နိုင်ငံခြားခရီးသွားသန်း ၄၀ ကျော် လာရောက်လေ့ရှိပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW