ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ဖို့ ပြင်ဆင်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟမ်ယောင်ပြည်နယ် ဆင်ပိုရှိ သင်္ဘောကျင်းတခုမှာ ဒုံးကျည်စမ်းသပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြောင်း အမည်မဖော်လိုတဲ့ တောင်ကိုရီးယားစစ်တပ်သတင်းရင်းမြစ်တဦးကပြောတယ်လို့ အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီလို ဒုံးကျည်စမ်းသပ်မှုပြုနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်သုတေသနအဖွဲ့တဖွဲ့ကလည်း ဂြိုဟ်တုဓါတ်ပုံ အထောက်အထားတွေနဲ့ ယခုသီတင်းပတ်အတွင်းက သတိပေးပြောဆိုထားပါတယ်။ ရေငုပ်သင်္ဘောက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖို့ စီစဉ်နေတာအပါအ၀င် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ညွှန်ပြတဲ့ အရိပ်လက္ခဏာနဲ့ လှုပ်ရှားမှုတွေကို သမ္မတယွန်းဆက်ယိုးလ်လည်း သိရှိကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို လာမယ့်သီတင်းပတ်မှာ သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။ Ref:Reuters Photo: Rodong Sinmun #voiceofmyanmar #VOM #ဆိုးလ်

Read More

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးကြိုးပစ်မှုကြောင့် ၅ရက်အတွင်း လူ ၄၀ နီးပါးသေဆုံး

ဒေလီ၊ စက်တင်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပြီး လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားပါတယ်။ နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်တွေပြိုကျပြီးနောက် လူ ၂၄ ဦးသေဆုံးသွားတယ်ပြီး ကျန် ၁၂ ဦးကတော့ မိုးကြိုးပစ်တာကြောင့် သေဆုံးခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ရက်တာကာလအတွင်း မိုးကြိုးပစ်မှုကြောင့် ၃၉ ဦးသေဆုံးခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေကနေ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ လမ်းညွှန်ချက်အသစ်တွေ ထုတ်ပြန်ရေးအတွက် ပြည်နယ်တာ၀န်ရှိသူတွေက စီစဉ်နေပါတယ်။ ဇွန်လမှစက်တင်ဘာလထိ အိန္ဒိယနိုင်ငံရဲ့ မုတ်သုံရာသီအတွင်း မိုးကြိုးပစ်တာတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သစ်တောပြုန်းတီးမှု၊ ရေထုလျော့နည်းမှုနဲ့ လေထုညစ်ညမ်းမှုတွေဟာ မိုးကြိုးပစ်တာတွေကိုဖြစ်ပေါ်စေတဲ့ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပွားစေတယ်လို့ အိန္ဒိယမိုးလေ၀သဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Lightning Resilient India Campaign…

Read More

ဖျာပုံမှာ ထွေ/အုပ်ဝန်ထမ်းအမျိုးသမီးတဦးကို အကြမ်းဖက်ပုဒ်မ ၅၂-(ည)နဲ့ ထောင် ၃နှစ်ချ

စက်တင်ဘာ ၂၄-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ထွထွေ အုပ်ချုပ်ရေးဦးစီး ဌာနကရုံး ဝန်ထမ်းအမျိုးသမီး ၁ ယောက်ကို မနေ့ စက်တင်ဘာ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်ကနေသိရပါတယ်။ ဖျာပုံမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာရေးဝန်ထမ်း မသဇင်အေး ဆိုသူကို သက်ဆိုင်ရာက သူရဲ့လက်ကိုင်ဖုန်းထဲကနေ တရားမဝင်အဖွဲ့အစည်းတွေ နဲ့ ပတ်သက်မှုရှိတာတွေကို တွေ့ရှိရတယ်ဆိုပြီး အခုနှစ် မေလက ဖမ်းဆီးခဲ့တာလို့ သိရပါတယ် ။ အဲ့ဒီ့လို အဖမ်းခံရပြီး တရားစွဲဆိုကာ ၉ လနီးပါးစစ်ဆေးပြီးနောက် ဖျာပုံမြို့နယ်တရားရုံးက အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ မသဇင်အေး ဟာ ဖျာပုံမြို့…

Read More

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်အားလုံးနီးပါး ရုပ်သိမ်းတော့မယ်

ဘန်ကောက်၊ စက်တင်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနှစ် မတ်လကစပြီး အရေးပေါ်အခြေအနေကြေညာတာ အပါအ၀င် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်အများစုကို အောက်တိုဘာ ၁ ရက်မှာ ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုမြင့်တက်လာခြင်း၊ ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုအရေအတွက် ကျဆင်းလာခြင်းတို့ကြောင့် ဒီလိုရုပ်သိမ်းဖို့ ဆုံးဖြတ်တာလို့ တာ၀န်ရှိသူတွေက စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်ပမှလာရောက်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံထားကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း သက်သေအထောက်အထားပြသဖို့ မလိုအပ်တော့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဂျပန်အပါအအ၀င် အခြားသောနိုင်ငံနဲ့ နယ်မြေတွေက လာရောက်သူတွေအတွက် ဗီဇာကင်းလွတ်နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်ထိ တိုးမြှင့်ပေးသွားမယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အများပြည်သူဆိုင်ရာ လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းလိုမျိုး ကျန်းမာရေးဆိုင်ရာ အစီရင်အမံတွေကို ဆက်လက်လုပ်ဆောင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ထိုင်းနိုင်ငံကို…

Read More

ပုသိမ် အ-မ-ကကျောင်းက ဆရာမကိုဗစ်ကူးစက်ခံရပေမယ့် ကျောင်းကို ဆက်ဖွင့်ထားလို့ မိဘတွေစိုးရိမ်နေ

စက်တင်ဘာ ၂၄-၂၀၂၂ မင်းမြတ် (VOM) ဧရာတီတိုင်း ၊ ပုသိမ်မြို့ အ-မ-က ၂၄ကျောင်းမှာတာဝန်ကျပြီး စာသင်နေတဲ့ ကျောင်းဆရာမ ၁ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကျောင်းကို မပိတ်ဘဲ ဆက်ဖွင့်နေလို့ ကျောင်းသား ၊ ကျောင်းသူတွေရဲ့ မိဘ တွေက စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေ ဆီကနေ သိရပါတယ် ။ အမှတ် ၂၄ အ-မ-က စာသင်ကျောင်းမှာ စာသင်နေတဲ့ ကျောင်းဆရာမဖြစ်သူရဲ့အမျိုးသား ချောင်းဆိုးတာ ၊ သွေးအန်တာတွေဖြစ်နေလို့ ဆေးရုံသွားပြရင်း ဆရာမကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာရှိ၊မရှိ စစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆရာမနဲ့ အတူနေထိုင်တဲ့ သူတွေကို ဟုမ်းကွာရန်တင်းထားရှိကာ စာသင်ကျောင်းကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ ဆက်ဖွင့်ထားတာကြောင့် အဲ့ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့မိဘတွေက စိုးရိမ်နေကြတာလို့ သိရပါတယ် ။ ”စာသင်ကျောင်းကို ပိတ်တာတွေ…

Read More

ပခုက္ကူစျေးနားက ရွှေဆိုင်ဓားပြတိုက်ခံရ ၊ ရွှေထည်ပစ္စည်း ၅၀ ကျပ်သားကျော် ပါသွား

စက်တင်ဘာ ၊ ၂၄ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ပေါ်မှာ မနေ့ စက်တင်ဘာ ၂၃ ရက် တနေ့ထဲမှာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး နေရာ ၂ ခုမှာ ဖောက်ထွင်းခိုးယူခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ညနေ ၃ နာရီခွဲဝန်းကျင်မှာ ပခုက္ကူ အမှတ် ၉ ရပ်ကွက် ၊ တန်ဆောင်တိုင်လမ်းက ဦးသိန်းမောင် ၊ ဒေါ်ရင်မေ သားသမီးများရွှေဆိုင် ဓားပြတိုက်ခံရတယ် ၊ အဲ့ဒီနောက် အမှတ် ၁၀ ၊ အလယ်တိုက်ကျောင်း ခြေရင်းလမ်းထိပ်က မိခင်နဲ့ကလေး စောင့်ရှောက်ရေးသားဖွားရုံးဝန်းထဲက နေအိမ် နဲ့စက်မှုဇုန် ၉ လမ်းထဲက စတိုးဆိုင် ၁ ဆိုင်ဟာ ဖောက်ထွင်း ခိုးယူခံရတာတွေဖြစ်တယ် “လို့…

Read More
VOM News

FREE
VIEW