အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးကြိုးပစ်မှုကြောင့် ၅ရက်အတွင်း လူ ၄၀ နီးပါးသေဆုံး

ဒေလီ၊ စက်တင်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဆိုးရွားတဲ့ရာသီဥတုအခြေအတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပြီး လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားပါတယ်။

နိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်တွေပြိုကျပြီးနောက် လူ ၂၄ ဦးသေဆုံးသွားတယ်ပြီး ကျန် ၁၂ ဦးကတော့ မိုးကြိုးပစ်တာကြောင့် သေဆုံးခဲ့တာလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ရက်တာကာလအတွင်း မိုးကြိုးပစ်မှုကြောင့် ၃၉ ဦးသေဆုံးခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေကနေ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ လမ်းညွှန်ချက်အသစ်တွေ ထုတ်ပြန်ရေးအတွက် ပြည်နယ်တာ၀န်ရှိသူတွေက စီစဉ်နေပါတယ်။

ဇွန်လမှစက်တင်ဘာလထိ အိန္ဒိယနိုင်ငံရဲ့ မုတ်သုံရာသီအတွင်း မိုးကြိုးပစ်တာတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။

သစ်တောပြုန်းတီးမှု၊ ရေထုလျော့နည်းမှုနဲ့ လေထုညစ်ညမ်းမှုတွေဟာ မိုးကြိုးပစ်တာတွေကိုဖြစ်ပေါ်စေတဲ့ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပွားစေတယ်လို့ အိန္ဒိယမိုးလေ၀သဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Lightning Resilient India Campaign အဖွဲ့တာ၀န်ရှိသူ anjay Srivastava ကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မိုးကြိုးပစ်မှု ၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မိုးကြိုးပစ်မှုကြောင့် ၂၀၁၆ ခုနှစ်မှာ ၁၄၈၉ ဦးသေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ ၂၈၆၉ ဦးထိ ရှိလာခဲ့ပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW