ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ မြောက်ကိုရီးယား စီစဉ်နေ

ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ဖို့ ပြင်ဆင်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟမ်ယောင်ပြည်နယ် ဆင်ပိုရှိ သင်္ဘောကျင်းတခုမှာ ဒုံးကျည်စမ်းသပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြောင်း အမည်မဖော်လိုတဲ့ တောင်ကိုရီးယားစစ်တပ်သတင်းရင်းမြစ်တဦးကပြောတယ်လို့ အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီလို ဒုံးကျည်စမ်းသပ်မှုပြုနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်သုတေသနအဖွဲ့တဖွဲ့ကလည်း ဂြိုဟ်တုဓါတ်ပုံ အထောက်အထားတွေနဲ့ ယခုသီတင်းပတ်အတွင်းက သတိပေးပြောဆိုထားပါတယ်။

ရေငုပ်သင်္ဘောက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်ဖို့ စီစဉ်နေတာအပါအ၀င် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ညွှန်ပြတဲ့ အရိပ်လက္ခဏာနဲ့ လှုပ်ရှားမှုတွေကို သမ္မတယွန်းဆက်ယိုးလ်လည်း သိရှိကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို လာမယ့်သီတင်းပတ်မှာ သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။

Ref:Reuters
Photo: Rodong Sinmun
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW