ရုရှားရဲ့စစ်မှုထမ်းအမိန့် ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း လူနှစ်ထောင်ကျော် ဖမ်းဆီးခံထားရ

မော်စကို၊ စက်တင်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားစစ်တပ်အတွက် စစ်သားသစ် သုံးသိန်းဆင့်ခေါ်တဲ့ အမိန့်ကိုဆန့်ကျင်မှုအဖြစ် ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူနှစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။

စက်တင်ဘာ ၂၅ ရက်ကလည်း Dagestan မှာ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေကို ပဋိပက္ခတွေဖြစ်ပွားခဲ့ကာ လူ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အလွန်အကျွံဖမ်းဆီးမှုတွေကြောင့် စိုးရိမ်ပူပန်ကြောင်း ရုရှားရှိ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ OVD-Info ကပြောပါတယ်။ မကြာသေးမီရက်တွေအတွင်း ရုရှားနိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအကြား ထိပ်တိုက်ပဋိပက္ခတွေကြောင့် စက်တင်ဘာ ၂၄ တရက်တည်းမှာပင် လူ ၇၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

စစ်သားသစ်စုဆောင်းမယ့်ကိစ္စကြောင့် ရုရှားလူငယ်အမျိုးသားအများအပြားဟာ အိမ်နီးချင်းဖင်လန်နဲ့ ဂျော်ဂျီယာတို့ကို ထွက်ပြေးမှုတွေရှိနေပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဖို့ အရည်အချင်းမပြည့်မီသူတွေကိုပါ လူသစ်စုဆောင်းရေးတာ၀န်ရှိသူတွေက စစ်မှုထမ်းဖို့ အမိန့်ထုတ်တာတွေ နိုင်ငံအနှံ့မှာရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW