တောင်ဒဂုံမှာ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ခဲ့ပြီး ၄ဦးသေ၊ ၁ဦးဒဏ်ရာရ

စက်တင်ဘာ ၃၀-၂၀၂၂
GG+KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ၂၅ရပ်ကွက်နဲ့ ၅၃ ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်မှု ၃ကြိမ်ဖြစ်ခဲ့ရာ ရာအိမ်မှူးအပါအဝင် ၄ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ခုနှစ်နာရီကလည်း တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်၊ လောင်းလုံလမ်းမှာ အမျိုးသားတဦးပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မနေ့ကလည်း ပစ်တယ် ညဘက်လည်း ထပ်ပစ်တယ် နှစ်ကြိမ်ဖြစ်တာ ကျနော်တို့ရပ်ကွက်မှာပဲ၊ ၅၃ မှာလည်းပစ်ခတ်မှုဖြစ်တယ် မနက်က၊ ရာအိမ်မှူးသေတယ် အမျိုးသမီးတဦးတည်း ဒဏ်ရာရတယ် ညဘက် ကွမ်းယာရောင်းတဲ့လူအပစ်ခံရတာ သူလည်းပွဲချင်းပြီးပဲ”လို့ ရှင်းပြပါတယ်။

၂၅ ရပ်ကွက်မှာ မနေ့ မနက်ကိုးနာရီဝန်းကျင်ကလည်း ရာအိမ်မှူးပစ်ခတ်ခံရပြီး ရာအိမ်မှူးသေဆုံးကာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အလားတူ ည ခြောက်နာရီခွဲကလည်း တောင်ဒဂုံမြို့နယ်၊ ၅၃ ရပ်ကွက်၊ သီရိမြိုင်လမ်းမှာ သံပန်းလုပ်ငန်းလုပ်ကိုင်တဲ့ လင်မယားနှစ်ဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

.”၅၃ မှာလည်း ပစ်ခတ်မှုဖြစ်တယ် လင်မယားနှစ်ဦးသေတယ် ကျန်တာတော့ မသိဘူး၊ အခု တောင်ဒဂုံမှာ လုံခြုံရေးတင်းကျပ်ထားတယ်”လို့ပြောပါတယ်။

ရန်ကုန်မှာ မနေ့က မြောက်ဒဂုံနဲ့ပန်းပဲတန်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရာအိမ်မှူးတဦး၊စစ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW