ရာထူးဆိုင်းငံ့ခံထားရတဲ့ ထိုင်း၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးတာ၀န် ဆက်လက်ထမ်းဆောင်ဖို့ တရားရုံးဆုံးဖြတ်

ဘန်ကောက်၊ စက်တင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ၀န်ကြီးချုပ်ရာထူးသက်တမ်းကန့်သတ်ချက်အပေါ် ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စက်တင်ဘာ ၃၀ ရက်မှာ ပယ်ချလိုက်ပြီး ၀န်ကြီးချုပ်တာ၀န် ဆက်လက်ထမ်းဆောင်နိုင်တယ်လို့ စီရင်ချက်ချလိုက်ပါတယ်။

သူ့ရဲ့ ဒီအမှုကို တရားရုံးကကြားနာနေချိန်မှာ ပရာယွတ်ကို ၀န်ကြီးချုပ်တာ၀န်ကနေ ဆိုင်းငံ့ထားခဲ့ပေမယ့်လည်း အတိုက်အခံပါတီတွေရဲ့ ကန့်ကွက်တင်ပြမှုကို တရားရုံးက ပယ်ချလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။

စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ ၀န်ကြီချုပ်ရာထူးသက်တမ်းရှစ်နှစ်ကို ကျော်လွန်သွားပြီးလို့ အတိုက်အခံတွေက စောဒကတက်နေကြတာဖြစ်ပါတယ်။

စစ်တပ်အကြီးအကဲ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး သြဂုတ်လမှာတော့ သူ့ကိုယ်သူ ၀န်ကြီးချုပ်ခန့်အပ်တာ၀န်ယူခဲ့တာကြောင့် သက်တမ်းရှစ်နှစ်ပြည့်သွားပြီးလို့ အတိုက်အခံတွေက ပြောပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်၀င်ချိန်က ၂၀၁၇ ခုနှစ်ဧပြီလမှာဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်က တာ၀န်ယူခဲ့တဲ့သက်တမ်းဟာ အကြုံးမ၀င်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW