သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင် ဒေသနှစ်ခုကို လွတ်မြောက်နယ်မြေတွေအဖြစ် ရုရှားကြေညာ

မော်စကို၊ စက်တင်ဘာ-၃၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းရှိ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့ကို လွတ်မြောက်နယ်မြေတွေအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်တွေကို ရုရှားသမ္မတပူတင်က စက်တင်ဘာ ၂၉ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုအသိအမှတ်ပြုလိုက်ခြင်းအားဖြင့် အဲဒီနယ်မြေတွေကို ရုရှားနိုင်ငံထဲသွတ်သွင်းဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။ လူဟန့်ခ်၊ ဒွန်နက်ခ်၊ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့မှာ ပြုလုပ်ခဲ့တဲ့ ငါးရက်ကြာဆန္ဒခံယူပွဲတွေက ဒီဒေသတွေ ရုရှားနဲ့ပေါင်းစည်းဖို့ကို ထောက်ခံခဲ့ကြတယ်လို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။

ဒီဆန္ဒခံယူပွဲရလဒ်ဟာ အတုအယောင်သာဖြစ်ကြောင်း နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေရှိနေပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်ဟာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်သွားမယ်လို့ဆိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ယူကရိန်းပိုက်နက်နယ်မြေတွေကို ရုရှားနိုင်ငံနဲ့ပေါင်းစည်းတဲ့ကိစ္စကို လုံး၀ လုံး၀ လုံး၀ကို အသိအမှတ်ပြုမှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အင်အားသုံးသိမ်းပိုက်တာဟာ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW