စက်တင်ဘာ၊ ၁၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေဟာ နိုင်ငံရေး အခြေအနေတွေနဲ့ဆက်စပ်ပြီး အရှုံးနဲ့ ဆက်လက်ရင်ဆိုင်နေရတာကြောင့် ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာလို့ ရပ်နားလာရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကန့်သတ်မှုတွေနဲ့အတူ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် လာရောက်တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ သက်ဆိုင်ရာက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် လုပ်ငန်းတွေရပ်နားလာကြရတာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းက ဟိုတယ်လုပ်ငန်း ၅၅ ရာခိုင်နှုန်းထက်မနည်း ရပ်နားထားပြီး နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်း ၄၅ ရာခိုင်နှုန်း လောက်သာ ရှေ့ဆက်လည်ပတ်နိုင်တော့တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ “အခု ပြည်တွင်းက ဧည့်သည်ကလည်း မဖြစ်မနေနဲ့ ဧရာဝတီတိုင်းဘက်ကို လာရမယ်ဆိုတာလောက်ပဲ ရှိတော့ပါတယ်၊ ကျန်တာတွေကတော့ မရှိသလောက် ရှားသွားပါပြီ၊ အဲ့ဒီလိုဖြစ်တာ လုပ်ငန်းရပ်နားလာတဲ့သူတွေကမနည်းဘူး ၊ကျွန်တော်တို့က…
Read MoreMonth: September 2022
အသက်နဲ့ရင်းပြီး ရှာဖွေနေရတဲ့ စားဝတ်နေရေး
KK(VOM) ရန်ကုန်ဟာ စက်ရုံအလုပ်ရုံများပြားပြီး လူဦးရေအထူထပ်ဆုံးမြို့တော်ဖြစ်တဲ့အပြင် နေ့စဥ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူတွေလည်း များပြားပါတယ်။ ၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း ရန်ကုန်တိုင်းက မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ လုယက်မှု၊ခိုးမှုနဲ့ခါးပိုက်နိူက်တွေကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေဟာ ကျီးလန့်စာ စား ဘဝတွေလိုဖြစ်နေတယ်လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။ “တနေကုန်အလုပ်လုပ် အိမ်အပြန်လမ်းမှာ အလုခံရမှာ ကြောက်နေရတယ်၊ ပိုက်ဆံနဲ့ဖုန်းလုသွားတာဆို တော်သေးတယ် လူကိုပါသတ်သွားမှာစိုးရိမ်တာ”လို့ ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ နေ့စဥ်နဲ့အမျှ ခိုးမှု၊လုယက်မှု၊ဓားပြတိုက်မှုတွေဖြစ်လာပြီးနောက်ပိုင်း စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရသူတွေဟာ အခက်တွေ့လာပါတယ်။သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဥ်ရုန်းကန်နေရသူတွေဟာ အိမ်အပြန်ခရီးတွေမှာ နေ့စဥ်လုယက်တာတွေကြုံလာရတာကြောင့် စိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ တောင်ဒဂုံမြို့နယ်မှာ နေသူတဦးက ပြောပါတယ်။ “ကျွန်မဆို အိမ်ကိုယောက်င်္ကျားပြန်ရောက်မှ သက်ပြင်းချလို့ရတယ်၊ တောင်ဒဂုံမှာလည်း လုယက်မှုတွေရှိတာပဲ နည်းနည်းလေးနောက်ကျရင် စိတ်ပူနေရတယ်၊ ဘုရား တနေရတယ်”လို့ ပြောပါတယ်။ ကုန်စျေးနှုန်းကြီးမြှင့်မှု့ ၊အလုပ်အကိုင်ရှားပါးမှုတွေအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခြေခံလူတန်းစားတွေရဲ့ဘဝဟာ ဘေးကျပ်နံကျပ်ဖြစ်နေတယ်လို့ အရှေဒဂုံမြို့နယ်က ဆိုင်ကယ်ကယ်ရီမောင်းနှင်းသူတစ်ဦးက ပြောပါတယ်။…
Read Moreကိုဗစ်ရောဂါကုသဆေးကို ဆရာဝန်ညွှန်ကြားစားပြပြီး ငွေကျပ်၂သိန်းခွဲ နဲ့ဝယ်နိုင်ပြီလို့ သ်ိရ
စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) ကိုဗစ်ရောဂါဖြစ်ပါက သောက်သုံးနိုင်မယ့် ၁၀ လုံးပါ ဆေးကဒ် ၃ ကဒ် ကိုဗစ်ရောဂါကုသဆေး Paclovid ကို ၂၅၀၀၀၀ ( နှစ်သိန်းခွဲ)ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ AA Medical Products Ltd ကုမ္ပဏီကနေ သိရပါတယ်။ ကိုဗစ်ရောဂါကုသဆေး Paclovid ကို ဝယ်ယူဖို့အတွက် ပြည်သူတွေအနေနဲ့က ဆရာဝန် ဆေးညွှန်းစာလိုအပ်သလို ၊ ကိုဗစ်ရောဂါကုသရေးဆရာဝန်၊ဆေးရုံဆေးခန်းနဲ့ ဆေးဆိုင်ကြီးတွေအနေနဲ့လည်း ဝယ်ယူလိုပါက ဆရာဝန်ဆေးညွှန်းစာ၊ဆေးအမှာစာ request letter တွေနဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” Nirmatrelvir 150mgက၂ကဒ်၊ Ritonavir 100mg က ၁ကဒ်၊ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ရမယ်၊ခဲရောင်ကဒ်က၂လုံး၊အပြာကဒ်က ၁လုံး မနက်၃လုံး ည၃လုံးသောက်ရမယ်၊ဆရာဝန်ကမှ အသက်အရွယ်၊ဘော်ဒီဝိတ်ပေါ်မူတည်ပြီးဆရာဝန်ညွှန်ကြား ချက်ပေါ်သောက်ရမှာပေါ့။ ဆရာဝန်နဲ့ပြလို့ဒီဆေးသောက်ရမယ်ဆိုရင် သောက်လို့ရတယ်။ကာကွယ်ဆေးမဟုတ်ဘူး ကုသဆေးပါ။ ” လို့ AA Medical product Ltd…
Read Moreရန်ကုန်မှာ ရဲကင်းစခန်း နဲ့ မြို့နယ်တရားရုံးတခု ဗုံးခွဲခံရပြီး ရာအိမ်မှူးတဦးလည်း ပစ်သတ်ခံရ
စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သာကေတ နဲ့ သင်္ဃန်း ကျွန်းမြို့နယ်မှာ ရာအိမ်မှူးတယောက် ပစ်သတ်ခံရပြီး မြို့နယ်တရားရုံးနဲ့ ရဲကင်းစခန်း တခု အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခံရတယ်လို့ သိရပါတယ်။ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက် မှာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မနက်အစောပိုင်းက ရပ်ကွက်ရာအိမ်မှူး ဖြစ်တဲ့ ဦးအောင်စိုး ဆိုသူကို နေအိမ်အရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၇ နာရီ၅၀ လောက်မှာ ပစ်ခံရတာ၊သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီး ပွဲချင်းပြီးပဲ ၊ သူ့အိမ်ရှေ့မှာလမ်းလျှောက်နေချိန် သေနတ်နဲ့အနီးကပ်ပစ်သွားတာလို့သိရတယ် “လို့ လှိုင်မြို့နယ်မှာနေထိုင်သူကပြောပါတယ်။ မနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကို အဝေးထိန်းဗုံးနဲ့ပစ်ခတ်ဖောက်ခွဲခံခဲ့ရသလို သာကေတမြိုနယ် ၁၀ ရပ်ကွက်၊ အမှတ်…
Read Moreလက်ဘနွန်မှာ အပ်ငွေထုတ်ပေးဖို့ ဘဏ်ကိုစီးနှင်းတောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် ဘဏ်တွေပိတ်ဖို့ စီစဉ်နေ
ဘေရွတ်၊ စက်တင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) လက်ဘနွန်ရှိဘဏ်တွေမှာ အပ်ငွေတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့အတူ ဘဏ်တွေကို ၀င်ရောက်စီးနှင်းမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် လာမယ့်သီတင်းပတ်မှာ ဘဏ်တွေ ၃ ရက်ပိတ်ဖို့ စီစဉ်နေပါတယ်။ မိသားစုအတွက် ဆေးဖိုးပေးချေဖို့ငွေလိုတာကြောင့် ဘဏ်ကအပ်ငွေတွေ ထုတ်ပေးဖို့ အမျိုးသမီးတဦးဟာ ကော်သေနတ်ကိုင်ပြီး ဘဏ်ထဲ၀င်တောင်းဆိုခဲ့မှု စက်တင်ဘာ ၁၄ ရက်ကဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတ၀န်းရှိဘဏ်တွေမှာလည်း အဲဒီလိုဖြစ်စဉ်တွေမြင့်တက်နေပြီး စက်တင်ဘာ ၁၆ ရက်တရက်တည်းမှာပင် ငါးကြိမ်ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လာမယ့် စက်တင်ဘာ ၁၉ ရက်ကစပြီး ဘဏ်တွေကို သုံးရက်ပိတ်ဆို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံဟာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး၀ယ်ယူဖို့ အခက်အခဲတွေရှိနေပါတယ်။ လက်ဘနွန်ပေါင်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာပြီးနောက် လက်ဘနွန်ဘဏ်တွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ဒေါ်လာငွေ ထုတ်ယူမှုကို ကန့်သတ်ထားခဲ့ပါတယ်။…
Read Moreကိုယ်ရေးအချက်အလက် မှန်ကန်စွာမဖြည့်တဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးပိတ်သိမ်းတော့မယ်လို့ ဗဟိုဘဏ်အသိပေး
စက်တင်ဘာ ၁၇-၂၀၂၂ VOM (GG) Kpay ၊ wave အပါအဝင် မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို အသုံးပြုပြီး ငွေလွှဲလုပ်နေသူအားလုံး ကိုယ်ရေးအချက်အလက်အားလုံးဖြည့်ရမှာဖြစ်ပြီး အချက်အလက်မပြည့်စုံသူတွေနဲ့ အချက်အလက်မမှန်မကန်သူတွေရဲ့ ငွေကြေးအကောင့်စာရင်းတွေကို အပြီးပိတ်သိမ်းမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေဟာ မှတ်ပုံတင် ထားတဲ့ ဆင်းမ်ကဒ်၊ အမည်၊ မှတ်ပုံတင် နံပါတ်တွေဖြည့်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေမှန်မမှန်ကို လဝက မှာရှိတဲ့ အချက်အလက်တွေအပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်က အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့်ဗဟိုဘဏ်ရဲ့တရားဝင်ခွင့်ပြုချက်နဲ့ ဘဏ်ဦးဆောင်မှုပုံစံ ဆောင်ရွက်နေတဲ့ မိုဘိုင်းပေးဝန် ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင် ရွက်ခွင့်ရရှိထားတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့စနစ်ဝန်ဆောင်မှုလုပ်ငန်း စတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့လည်း နီးစပ်ရာကိုယ်စားလှယ် (Agent)တွေ၊ ဘဏ်တွေမှာ ကိုယ်ရေးအချက်အလက်ကို အဆင့် ၂ (Level 2)ကို အချိန်မီမြှင့်တင်ရမယ်လို့ ဗဟိုဘဏ်…
Read Moreယူကရိန်းရဲ့တန်ပြန်ထိုးစစ် ရုရှားရဲ့ အစီအစဉ်တွေကို မပြောင်းလဲနိုင်ကြောင်း ပူတင်ပြော
မော်စကို၊ စက်တင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းရဲ့ မကြာသေးမီက တန်ပြန်ထိုးစစ်ဟာ ရုရှားရဲ့ အစီအစဉ်တွေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့ လျှင်မြန်တဲ့တန်ပြန်ထိုးစစ်တစ်ခုအတွင်း နိုင်ငံအရှေ့မြောက်ဘက် ခါကိဗ်ဒေသမှာ ခြောက်ရက်အတွင်း ၃၀၈၈ စတုရန်းမိုင်းထိ ယူကရိန်းက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အလျင်မလိုကြောင်းနဲ့ ဒွန်ဘတ်စ်ဒေသမှာ ရုရှားတပ်တွေရဲ့ ထိုးစစ်ဆင်မှုဟာ လမ်းကြောင်းမှန်ပေါ်ဆက်လက်ရှိနေတယ်လို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိချိန်ထိ ယူကရိန်းမှာ ရုရှားတပ်တွေကို အပြည့်အ၀တပ်ဖြန့်မထားရသေးဘူးလို့ သူကဆိုပါတယ်။ ဒွန်ဘတ်စ်ဒေသမှာ မိမိတို့ရဲ့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်မနေကြောင်း၊ အရှိန်အဟုန်နဲ့ မဟုတ်ပေမယ့် ယူကရိန်းနယ်မြေတွေကို ပိုပြီး သိမ်းပိုက်နေတယ်လို့ ပူတင်ကပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကျူးကျော်မှုရဲ့ အဓိကနေရာဖြစ်ပြီး ရုရှားစကားပြောလူမျိုးတွေကို ကယ်တင်ဖို့လိုတယ်လို့ ပူတင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images…
Read Moreရွှေလီမှာ ကိုဗစ်ပိုးတွေ့ များလာလို့ နေရာတော်တော်များများကို လော့ခ်ဒေါင်း သတ်မှတ်
စက်တင်ဘာ ၁၇၊ ၂၀၂၂ Shy V (VOM) မြန်မာန်ုင်ငံရဲ့အရှေ့မြောက် စီးပွားရေးတံခါးပေါက်နဲ့ အဓိကကုန်သွယ်ရာ မြို့ ၁ မြို့ဖြစ်တဲ့ ရွှေလီမြို့မှာ ကိုဗစ် ပိုးတွေ့ လူနာများလာတာကြောင့် မနေ့စက်တင်ဘာ ၁၆ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီကစပြီး နေရာတော်တော်များများ လော့ခ်ဒေါင်း သတ်မှတ်လိုက်တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “လော့ခ်ဒေါင်းက နေရာ ကွက်ကျား။”လို့ ရွှေလီရောက် မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။ ရွှေလီ အရှေ့ဘက် အမြန်လမ်းမကြီးလမ်းဆုံ မန်လန်ရွာ၊ အရှေ့ဘက် ရင်းမိန်ရွာ၊ ပန့်ပုံရွာ၊ ရွှေလီမြစ်ကမ်းတလျှောက် ကျယ်ခေါင်ကော်မိန်၊ လုံလင် တာတောက် လမ်းမကြီး၊ Heha ရွာ ၊ မြောက်ဘက်အဝေးပြေးလမ်းမကြီးအထိ ပါဝင်ပြီး မြို့ထဲလည်း နေရာ ၃၅ နေရာကို အသွားအလာ ကန့်သတ်ထားတယ်လို့…
Read Moreစစ်ကိုင်းမြို့နယ်က ကျေးရွာတွေမှာ ၁၇ ရက်အတွင်း လူ ၇ ဦးထက်မနည်း ပစ်သတ်ခံရ
စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်က ကျေးရွာတွေမှာ အခုလ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ လူ ၇ ဦးထက်မနည်း ပစ်သတ်ခံရပြီး သေဆုံးသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” မနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ဆင်မြေကျေးရွာမှာနေတဲ့ ဦးနန်းအောင်သူ (၅၀)နှစ် (ကျောက်ဖြတ်/ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ) နဲ့ ကိုဖြိုးမင်းသူ (၃၆)နှစ် (လေထိုးကျွတ်ဖာလုပ်ငန်း) သူတို့ ၂ ဦးဟာ နေအိမ်မှာ အိပ်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်းအဖွဲ့ လူ ၇ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်နေရာမှာ ပစ်သတ်ထားခဲ့တယ် ” လို့…
Read Moreကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြား၊ တိုက်ပွဲတွေကြောင့် လူ ၃၀ နီးပါးသေဆုံး
ဘစ်ရ်ှကက် ၊စက်တင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ကာဂျစ္စတန်-တာဂျစ်ကစ္စတန်နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူ ၃၀ နီးပါးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်းကတည်းက နယ်နိမိတ်အငြင်းပွားနေတဲ့ ဆိုဗီယက်အဖွဲ့၀င်ဟောင်း အဲဒီနှစ်နိုင်ငံအကြား တိုက်ပွဲတွေပုံမှန်ဖြစ်ပွားလေ့ရှိပါတယ်။ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို သဘောတူထားကြပေမယ့်လည်း ယခုသီတင်းပတ်အစောပိုင်းမှာ စတင်ခဲ့တဲ့ တိုက်ပွဲအသစ်တွေဟာ စက်တင်ဘာ ၁၆ ရက်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုထားကြပါတယ်။ တိုက်ပွဲတွေကြောင့် ကာဂျစ္စတန်မှာ လူ ၂၄ ဦးသေဆုံးကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တာဂျစ်ကစ္စတန်ဘက်မှာတော့ အစောပိုင်း သတင်းတွေအရ လူသုံးဦးသေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေကို ရှောင်ရှားဖို့ ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံအကြား ၂၀၂၁ ခုနှစ်ကလည်း မကြုံစဖူးတိုက်ပွဲများကြောင့် လူ ၅၀ နီးပါးသေဆုံးခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်။…
Read More