ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင်ဟောင်း ရာထူးကနေ တရား၀င်ဆင်းပေးတော့မယ်

အူဂါဒူဂူ ၊ အောက်တိုဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

ဘာကီနာဖာဆိုမှာ စက်တင်ဘာ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ စစ်ခေါင်းဆောင်က ရာထူးကနေ ဆင်းပေးဖို့ တရား၀င်သဘောတူလိုက်ပြီဖြစ်သည်။

ယခင်အာဏာသိမ်းခေါင်းဆောင် ပေါလ်ဟင်နရီဒမ်မီဘာရဲ့ နှုတ်ထွက်မှုနဲ့ အခြေအနေတွေကို သတ်မှတ်စီစဉ်ထားပြီးဖြစ်ကြောင်း လက်ရှိအာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်သစ် ဗိုလ်အီဘရာဟင်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။

ဒမ်မီဘာဟာ သူ့ရဲ့လုံခြုံရေးကို အာမခံဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆက်လက်ကြိုးပမ်းသွားဖို့နဲ့ နှစ်နှစ်အတွင်း အရပ်သားအုပ်ချုပ်ရေးပြန်လည်ရောက်ရှိရေးအာမခံချက်ကို ဆက်လက်လေးစားလိုက်နာဖို့ အပါအ၀င် ရာထူးမှနှုတ်ထွက်ရေး အခြေအနေခုနှစ်ရပ်သတ်မှတ်ထားပါတယ်။

ဘာကီနာဖာဆိုမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းမှုလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုနှစ်ကြိမ်စလုံးမှာ နိုင်ငံရဲ့ဆိုးရွားလှတဲ့ လုံခြုံရေးအခြေအနေတွေနဲ့ အစ္စလာမ္မစ်တွေရဲ့ သူပုန်ထမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့်လို့ အကြောင်းပြထားပါတယ်။

နိုင်ငံရဲ့ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တဲ့ ဘာကီနာဖာဆိုမှာ အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အူဂါဒူဂူ

Related posts

Leave a Comment

VOM News

FREE
VIEW