နစက အာဏာယူပြီးနောက် ဖားကန့်မှာ ၅၀၅(က) နဲ့ ထောင်ဒဏ် တနှစ်ခွဲချခံရသူတွေထဲက သတင်းထောက် နောင်ရိုး အပါအဝင် (၁၂)ဦးလွတ်မြောက်

ဖားကန့် -အောက်တိုဘာ ၃၊ ၂၀၂၂ ZMH(VOM) ဖားကန့်မှာ အခြေစိုက်ပြီး VOM အပါအဝင် တခြားဌာနတွေကို သတင်းပေးပို့နေတဲ့ သတင်းထောက် နောင်ရိုးအပါအဝင် ဆန္ဒပြပွဲ အရှိန်မြင့်စဉ်ကာလက ၅၀၅(က)ကဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူ (၁၂)ဦး ဒီနေ့အောက်တိုဘာ ၃ ရက်နေ့ မနက် ၉နာရီခန့်က လွတ်​​မြောက်လာခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ် ။ အခုလွတ်မြောက်လာသူတွေဟာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန် အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာလို့ သိရပါတယ် ။ ဖားကန့်မြို့နယ်အတွင်းက ဆန္ဒပြအရေးခင်းကာလမှာ ဖမ်းဆီးခံထားရသူ စုစုပေါင်း (၄၂)ဦး ရှိခဲ့ပြီး ၊အမျိုးသားအမျိုးသမီးစုစုပေါင်း (၂၇)ဦးဟာ ပြစ်ဒဏ်အပြည့်ဝကျခံပြီး လွတ်မြောက်လာခဲ့ပြီလို့ ယနေ့လွတ်မြောက်လာတဲ့ သတင်းထောက် ကိုနောင်ရိုးထံက သိရပါတယ် ။ အခုနှစ် ဇူလိုင်လ ၂၆ရက်နေ့က ငြိမ်းချမ်းသာယာရပ်ကွက် (၂)ဦး ၊ ဩဂုတ်လ ၆ ရက်နေ့က…

Read More

အီရန်မှာ ဆန္ဒပြပွဲကို အာဏာပိုင်တွေဖြိုခွင်းမှု ၁၃၃ ဦးသေဆုံး

တီဟီရန်၊ အောက်တိုဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အီရန်နိုင်ငံမှာ အောက်တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း တက္ကသိုလ်ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုန်းများဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူ ၁၃၃ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအဓိကရုန်းဖြစ်ပွားမှုမှာ အီရန်က ဂုဏ်သိက္ခာရှိတက္ကသိုလ်တခုဖြစ်တဲ့ တီဟီရန်ရှိ ရှာရစ်ဖ်တက္ကသိုလ်မှ ကျောင်းသားတွေအများအပြားဟာ ကျောင်း၀န်းအတွင်းရှိ ကားရပ်နားရာနေရာမှာ ပိတ်မိနေခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့၀င်တွေဟာ ကျောင်းသားတွေရဲ့ အဆောင်တွေကိုတိုက်ခိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပြီး ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တယ်လို့ အချို့သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပုံရတာကြောင့် သူတို့နဲ့ဝေးရာကို ကျောင်းသားများထွက်ပြေးနေတဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ မျက်နှာစည်းခေါင်းဆောင်း၀တ်ဆင်တဲ့ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတဦးသေဆုံးပြီးနောက် အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စက်တင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ ဖမ်းဆီးထားချိန်ချိန် ရုတ်တရက်နှလုံးရောဂါကြောင့်…

Read More

ရေကြည်မှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တယ်ဆိုပြီး လူ ၇၀ ကျော် ဖမ်းဆီးခံထားရ

စက်တင်ဘာ၊ ၃-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်ခွဲ၊ ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူး ဦးတာဘူး ကို သေနတ်နဲ့ပစ်သတ်တဲ့အထဲမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဒေသခံ လူ ၇၀ ကျော်ကိုသံသယနဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဇရပ်လှရွာအုပ်ချုပ်ရေးမှူး ဦးတာဘူး ဟာ (နစက) လက်ထက်မှာခန့်ထားတဲ့ အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရေကြည်မြို့နယ်မှာ အစည်းအဝေးတက်ပြီး ဆိုင်ကယ်နဲ့ ပြန်အလာ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ကျုံတာကျေးရွာ အနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက် ညပိုင်းကနေ အောက်တိုဘာ ၂ ရက်အထိ ၄ ရက်အတွင်းမှာ ဒေသခံ ၇၀ ကျော်ကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင်ဟောင်း ရာထူးကနေ တရား၀င်ဆင်းပေးတော့မယ်

အူဂါဒူဂူ ၊ အောက်တိုဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ဘာကီနာဖာဆိုမှာ စက်တင်ဘာ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ စစ်ခေါင်းဆောင်က ရာထူးကနေ ဆင်းပေးဖို့ တရား၀င်သဘောတူလိုက်ပြီဖြစ်သည်။ ယခင်အာဏာသိမ်းခေါင်းဆောင် ပေါလ်ဟင်နရီဒမ်မီဘာရဲ့ နှုတ်ထွက်မှုနဲ့ အခြေအနေတွေကို သတ်မှတ်စီစဉ်ထားပြီးဖြစ်ကြောင်း လက်ရှိအာဏာသိမ်းခဲ့တဲ့ ခေါင်းဆောင်သစ် ဗိုလ်အီဘရာဟင်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။ ဒမ်မီဘာဟာ သူ့ရဲ့လုံခြုံရေးကို အာမခံဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆက်လက်ကြိုးပမ်းသွားဖို့နဲ့ နှစ်နှစ်အတွင်း အရပ်သားအုပ်ချုပ်ရေးပြန်လည်ရောက်ရှိရေးအာမခံချက်ကို ဆက်လက်လေးစားလိုက်နာဖို့ အပါအ၀င် ရာထူးမှနှုတ်ထွက်ရေး အခြေအနေခုနှစ်ရပ်သတ်မှတ်ထားပါတယ်။ ဘာကီနာဖာဆိုမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းမှုလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းမှုနှစ်ကြိမ်စလုံးမှာ နိုင်ငံရဲ့ဆိုးရွားလှတဲ့ လုံခြုံရေးအခြေအနေတွေနဲ့ အစ္စလာမ္မစ်တွေရဲ့ သူပုန်ထမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့်လို့ အကြောင်းပြထားပါတယ်။ နိုင်ငံရဲ့ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တဲ့ ဘာကီနာဖာဆိုမှာ အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ Ref: BBC…

Read More

မန္တလေးမြို့မှာ ကားကိုလုယူပြီး လူသတ်ကာ အလောင်းကို လမ်းဘေးပစ်သွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့

အောက်တိုဘာ ၃-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့် မြို့နယ်လျှပ်စစ်ရုံးအနောက်ဘက်မှာ မနေ့ အောက်တိုဘာ ၂ရက်နေ့ညပိုင်းက ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတလောင်း လမ်းဘေးစွန့်ပစ်ထားတာကို တွေ့ခဲ့ရတယ်လို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ” အစကတော့ ပိုင်ရှင်မဲ့ထင်တာ၊ အရည်ကြို အကောင့်ကလည်း တင်ထားတယ် ကားပျောက်လူပျောက်ဆိုတာ၊ ပြီးတော့မှ သေဆုံးသူရဲ့အမျိုးတွေနဲ့အဆက်အသွယ်ရသွားတယ်၊သေဆုံးသူအသက်က ၃၀၊ နာမည်က ကိုပြည့် တက်စီမောင်းတာလို့ သိရတယ်”လို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးကပြောပါတယ်။ သေဆုံးသူဟာ မနေ့ မနက်ပိုင်းက မက်တူးအဖြူရောင်ကားနဲ့ မြို့တွင်းဘုရားဖူးလိုက်သွားရာကနေ ပြန်မလာတာကြောင့် မိသားစုကနေတဆင့် အကူအညီတောင်းထားတာကို လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ကားကိုလုယူပြီး သတ်ဖြတ်သွားသူတွေဟာ သူတို့တည်းခိုခဲ့တဲ့ ၂၆လမ်းနဲ့ ၅၄လမ်းထောင့်အနီးက ဟိုတယ်ကို ပြန်ရောက်လာပြီး အ၀တ်ထုပ်နဲ့အခြားပစ္စည်းတွေကို အဲ့ဒီကားနဲ့ပဲ လာရောက်သယ်ဆောင်ခဲ့တယ်လို့ CCTVမှတ်တမ်းအရ သိရပါတယ်။…

Read More

မိုး အဆက်မ​​ပြတ်ရွာပြီး လမ်းပျက်စီးတာတွေကြောင့် မဟာမြိုင်ကားလမ်း သွားမရဖြစ်နေ

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပျဥ်းကိုင်းကျေးရွာနားက မုံရွာ-ကလေးဝ-တမူး ကားလမ်းဟာ ရေတိုက်စားပြီး လမ်းတွေပျက်စီးနေတဲ့အတွက် သွားလာလို့မရတာကြောင့် ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အခုလ ၁ ရက် ညက ရွာတဲ့မိုးဟာ သဲချောင်းတွေအကုန်ရေကျပြီး ကွန်ကရစ်လမ်းသား တိုက်စားသွားတယ် ၊ ကားတချို့လည်း အဲ့ဒီ သဲချောင်းတွေမှာ ပိတ်မိထားနေတယ် ၊ တောကျင်နဲ့ ပျဥ်းကိုင်းကြားမှာလည်း ဗွက်တန်းရှည်တွေဖြစ်နေတယ် ၊ ပျဥ်းကိုင်းနဲ့ အောင်ချမ်းသာကြားက သဲချောင်တွေလည်း ရေလာနေတယ် ၊ မဟာမြိုင်ထဲက နေရာအတော်များများမှာ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ ရာနဲချီပြီး ပိတ်မိနေတာ ၂ ရက်ရှိပြီ ၊ မိုးရွာတာက အခုထိ မပြတ်သေးဘူး ” လို့ မုံရွာ-ကလေးဝ-တမူး…

Read More

အတက်အကျကြမ်းတဲ့ ရွှေနဲ့ငွေ

အောက်တိုဘာ ၃-၂၀၂၂ SN+KT(VOM) ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၂၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၂၈ သိန်း အထက်မှာ ရှိခဲ့ရာက ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်ကျဆင်းနေတဲ့အတွက် ပြည်တွင်းရွှေဈေး ကျပ် ၂၄ သိန်း ဝန်းကျင်အထိ ထပ်မံကျဆင်းလာနေပါတယ်။ ရက်သတ္တပတ် နှစ်ပတ်အတွင်း တောက်လျှောက်ကျလာတဲ့ အခေါက်ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အနိမ့်ဆုံး တစ်ကျပ်သား ၂၂ သိန်း ၇ သောင်းအထိ ကျဆင်းခဲ့ပြီး ချက်ချင်းပဲ ညနေပိုင်းဈေးကွက်မှာ အမြင့်ဆုံး ၂၄ သိန်း ၈ သောင်းအထိတောင် ပြန်ရောက်ခဲ့ပါတယ်။ “ပြည်တွင်းရွှေဈေး အတက်အကျ မငြိမ်တာက ဒေါ်လာဈေးကြောင့်ပါ။ ပြည်တွင်းဒေါ်လာဈေးက အရင်က ၃၅၀၀ ထိအောင် ဖြစ်သွားတာလေ။ အခု ဒေါ်လာဈေးက ၂၆၀၀…

Read More

ဝေဇယန္တာနန်းဘုံ မြမန်းလေးဇေယခုံ

ဆူးငှက် တငြိမ့်ငြိမ့် ရေအလျဉ် မပြတ်စီးသွန်နေတဲ့ မြစ်မင်းဧရာရဲ့ အရှေ့ဘက်၊ မြေ၌ စုံ့စုံ့ပေါက်နေတဲ့ မဏ္ဍလခေါ် မန္တလေးတောင်တော်ခြေရင်းမှာ နန္ဒာကန်၊အောင်ပင်လယ်ကန်၊ဇောင်းကလောကန်၊တောင်သမန်အင်းနဲ့ တက်သေးအင်းငွေလွှာအသွင် ရေပြင်ကျယ်တို့ ဝန်းရံပြီး မန္တလေး ရတနာပုံမ် နေပြည်တော်ရယ်လို့ ပေါ်ပေါက်လာပြီးနောက်၊ပြာသာဒ် အဆောင်အောက်၊ ဟင်္သာပြဒါးရောင်ရွှေရောင် ဖိတ်တောက် နန်းရင်ပြင် ပွဲကြည့်ဆောင်မှသည် ရွှေမြို့တော် အတွင်းဝင်းများ၊ ပြလမ်းများဆီမှာထိ မြန်မာ့သမိုင်းစဉ် တစ်လျှောက်လုံး ထွန်းလင်းတောက်ပ ဂုဏ်ဝင်ခဲ့တဲ့ မြန်မာမှု သုခုမပညာတွေ ဖူးပွင့် ဝင်းလက်ခဲ့ပါသည်။ မြန်မာမင်းများ နောက်ဆုံး နန်းစိုက်ခဲ့သည့် မန္တလေးမြို့သည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာ နေရာဖြစ်သကဲ့သို့ပင် ခေတ်သစ် မြို့ပြပုံစံတို့လည်း တစ်ဟုန်တိုးပြောင်းလဲတိုးတက်ဖွံ့ဖြိုးလျက်ရှိသဖြင့် ရှေးဟောင်းလက်ရာများနှင့်ခေတ်သစ်လက်ရာများ ယှဉ်တွဲတည်ရှိလျက် ရှိသကဲ့သို့ ၊လူမှုစီးပွားရေး အခြေအနေနှင့်လိုက်လျော ညီထွေစွာ အဆောက်အဦးများ ပြုပြင်ဆောက်လုပ်ရာတွင် ရှေးမြန်မာဗိသုကာပညာရှင်တို့ တည်ဆောက်ခဲ့သော ဂန္တဝင် အမွေအနှစ်များနှင့် ၎င်း၎င်းတို့၏ မြို့ပြအကွက်အကွင်းများကို မပျောက်မပျက်အောင်…

Read More
VOM News

FREE
VIEW