ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၅-၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းအစိုးရရုံးရှေ့မှာ ဒီကနေ့ မနက်ပိုင်းက စက်ဘီးနင်းလားသူ အမျိုးသားတဦးကို အိမ်စီးယာဥ်တစ်စီးက တိုက်ခဲ့လို့ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အလုံမြို့နယ်၊ ပြည်လမ်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီကနေ့ မနက်ခြောက်နာရီခွဲက စက်ဘီးနင်းလာသူ အမျိုးသားတဦးကို အိမ်စီးယာဥ်တစ်စီးမှ တိုက်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အမဲရောင် အိမ်စီးကားတိုက်သွားတာ စက်ဘီးနဲ့ကတ္တရာလမ်းရိုက်မိပြီး ပွဲချင်းပြီးသေတာ၊ လူနာတင်ယာဥ်တောင် အသက်မမီဘူး”လို့ ရှင်းပြပါတယ်။

ယာဥ်တိုက်ဖြစ်စဥ်ကို ဖုန်းသတင်းရလို့ သွားရောက်ကူညီခဲ့ရာ အခင်းဖြစ်ရာနေရာမှာ ပွဲချင်းပြီးသေဆုံးနေလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူက ပြောပါတယ်။

“ကျနော်တို့သွားတော့ အသက်မမီတော့ဘူး၊ အသက်ငါးဆယ်ကျော်လောက်ရှိမယ် သေတဲ့သူက အမျိုးသား၊ အဲ့ဒါရန်ကုန်ဆေးရုံကြီးကို ပို့ပေးလိုက်တယ်”လို့ ရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာ အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ယာဥ်နဲ့တိုက်သွားသူဟာ ထွက်ပြေးနေပြီး ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

Photo- မေတ္တာအလင်းလူမှုကူညီရေး
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW