ဟုမ္မလင်းက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ သူ့မိသားစု မုံရွာမြို့မှာ ဖမ်းဆီးခံရ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ၊ တိမ်းရှောင်နေရတဲ့ ဟုမ္မလင်းမြို့နယ် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဆွေဝင်းနဲ့ သူ့မိသားစုဟာ မနေ့ အောက်တိုဘာ ၅ ရက်ညပိုင်းက မုံရွာမြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မုံရွာနိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့ကည ၁၀ နာရီဝန်းကျင်က လာဖမ်းသွားတာပါ ၊ သူ့မိန်းမနဲ့ သူ့ကလေးပါ ခေါ်သွားတယ်လို့ သိရတယ် ၊ ဦးကျော်ဆွေဝင်းက ဟုမ္မလင်း အမှတ် ၁ မဲဆန္ဒနယ်ကနေ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ အနိုင်ရခဲ့သူဖြစ်တယ် ၊ ရှမ်းနီတိုင်းရင်သား လူငယ်တဦးဖြစ်တယ် ” လို့ မုံရွာ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဆွေဝင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ချင်းတွင်းမြစ်ဝှမ်း ၊ ရှမ်းနီ လူမှုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ တယောက်က” ဟုမ္မလင်းနယ်မှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူတွေထဲမှာ ကိုကျော်ဆွေဝင်းလည်းပါတယ်လို့ သိရတယ် ၊ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းတာဖြစ်နိုင်တယ် ၊ ဖမ်းတဲ့အချိန်မှာ သူ့မိန်းမနဲ့ သူ့ကလေးပါ ပါသွားတယ်လို့ ကြားရတယ် ၊ ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိတော့ ဆက်သွယ်မရသေးဘူး ” လို့ ပြောပါတယ်။

ဟုမ္မလင်း မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဆွေဝင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့ကို VOM က ဖုန်းဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်မရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ၊ ညနေပိုင်းက ဟုမ္မလင်းမြို့ ၊ နောင်ပကျစ်ရပ်ကွက်မှာရှိတဲ့ လင်းလက်ကွန်ပျူတာဆိုင်ကနေ ကိုစိုးလှိုင်ဝင်း၊ မိငယ်စိန် (ခ) မိငယ်နဲ့အောင်မျိုးဦး(ခ) ဖိုးထောင် ဆိုတဲ့ လူငယ် ၃ ဦးလည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ဒီနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ လူငယ် ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Related posts

Leave a Comment

VOM News

FREE
VIEW