မကွေးတိုင်း ကံမမှာ နိုင်ငံသား အထောက်အထားမဲ့ခရီးသွားသူများ မိပြန်

အောက်တိုဘာ ၇၊ ၂၀၂၂
VOM (GG)

မကွေး တိုင်း ၊ ကံမမြို့၊ကံမ-ပြကြီးကားလမ်းပေါ်က Express ကားပေါ်ကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၈ ယောက်ကို မနေ့
အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံသားအထောက်အထားမဲ့သူတွေကို ကံမ-ပြကြီးကားလမ်းမိုင်တိုင် ၁၂/၃ နဲ့ ၁၂/၄ မှာရပ်ထားတဲ့ Ak Ar Kar အဝေးပြေးကား ကားကို စစ်ဆေးရာကနေ ဖမ်းဆီးရမိ ခဲ့တာဖြစ်ပြီး ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။

” ကားကရပ်ထားတာ ၊ကားသမားတွေ မတွေ့ရဘူး၊ လုံခြုံရေးအဖွဲ့တွေက ကားပေါ်တက်စစ်တော့ နိုင်ငံသားအထောက်ထားမဲ့သူတွေကို တွေ့ရတာ ၊ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်ကမိတာ၊ ပျဉ်ထောင်ရွာနားမှာပါ၊ ခေါ်လာတဲ့ယာဥ်မောင်းတွေမမိတော့ အခြေအနေအသေးစိတ်က သေချာမသိရသေးဘူး ” လို့ ဒေသခံ ပရဟိတသမား တဦးက ပြောပါတယ်။

ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၈ ယောက်ထဲမှာ မိန်းကလေးက ၃ ယောက်၊ယောကျ်ားလေးက ၁၅ ယောက်ဖြစ်ကြောင်း၊ လက်ရှိမှာ အားလုံးကို ကြို့ပင်ရဲစခန်းမှာ ထိန်းသိမ်းကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းကလည်း ကံမကနေ ပြည်ကိုမောင်းလာတဲ့ ပုလင်းခွံတွေသယ်လာတဲ့ ကားပေါ်ကနေ နိုင်ငံသားအထောက်ထားမဲ့ သူ ၃၇ ယောက်ကို​ ပြည်မြို့ နဝဒေးတံတားစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ ဇွန်လနဲ့ ဇူလိုင်လတုန်းကလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နဲ့ ဥသျှစ်ပင်​မြို့မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၃၅ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။

#voiceofmyanmar #VOM #အထောက်ထားမဲ့ခရီးသွားသူတွေဖမ်းမိ #ကံမ

Related posts

Leave a Comment

VOM News

FREE
VIEW