ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ချန်ပါရန်မှာ လူကိုးဦးထက်မနည်းကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
အဲဒီကျားကို ရဲတပ်နဲ့ ခရိုင်တာ၀န်ရှိသူ ၂၀၀ ကျော်က လိုက်လံရှာဖွေခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ရှာဖွေမှုတွေမှာ ဆင်တွေကိုပါ အသုံးပြုခဲ့ရကာ ကျားဟာ အသက်သုံးနှစ်အရွယ်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
တီ-၁၀၄ လို့သတ်မှတ်ခေါ်တွင်တဲ့ အဲဒီကျားဟာ လူသားတွေ အသက်အန္တရာယ်ကို အန္တရာယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတာကြောင့် အခုလိုလုပ်ဆောင်ရတာဖြစ်ကြောင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအကြီးအကဲ ကူးမားဂူပတာက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ကျားရိုင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်ကျက်စားလျှက်ရှိပါတယ်။ တိရိုစ္ဆာန်တွေသဘာ၀အတိုင်းနေထိုင်နိုင်တဲ့ အကာကွယ်အကွယ်နယ်မြေတွေဖြစ်တဲ့ ကျားထိန်းသိမ်းရေးနယ်မြေတွေကို တိုးပွားလာတဲ့ ကျားကောင်ရေနဲ့ လိုက်လျောညီထွေ ချဲ့ထွင်နိုင်ခြင်းမရှိပါဘူး။
ဒါကြောင့် ကျားရိုင်းတွေဟာ လူသားတွေနေထိုင်ရာဒေသတွေကို လှည့်လည်ရောက်ရှိမှုတွေရှိပြီး ရံဖန်ရံခါ လူသားတွေကို အန္တရာယ်ပြုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျားရိုင်းတွေရဲ့တိုက်ခိုက်မှုကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၄၀ မှ ၅၀ အကြားသေဆုံးနေကြောင်း အစိုးရရဲ့၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #ဒေလီ