ထိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်မှု ပိုမိုတင်းကြပ်ဖို့စီစဉ်နေ

ဘန်ကောက်၊ အောက်တိုဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်င်ငံမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်းသေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှုနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်မှုကို အရှိန်မြှင့်ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းကို လွန်ခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ရဲအရာရှိဟောင်းတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂၄ ဦးအပါအ၀င် လူ ၃၆ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ မူးယစ်ဆေးဝါး လက်၀ယ်ပိုင်ဆိုင်မှုနဲ့ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပြီး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့သေနတ်ဟာ တရား၀င်၀ယ်ယူကိုင်ဆောင်ထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၀င်အဖြစ် တာ၀န်ထမ်းဆောင်စဉ်က အသုံးပြုခဲ့တဲ့ သေနတ်မဟုတ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နိုင်ငံတွင်းမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ မူးယစ်ဆေးဝါး တင်းကြပ်စွာထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့၀န်ကြီးတွေ၊ အခြားတာ၀န်ရှိသူတွေနဲ့အတူ အောက်တိုဘာ ၁၂ ရက်မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူတွေကို စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ သူတို့ကို သုံးနှစ်မှငါးနှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုအစီအစဉ်တွေပြုလုပ်ရေး အစီအမံတွေနဲ့ မူးယစ်ဆေးဝါး ရောင်း၀ယ်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေတွေ ပြဆွေးနွေးခဲ့ကြပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW