ဖိလစ်ပိုင်တောင်ပိုင်းမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၄၅ ဦးထက်မနည်းသေဆုံး

မနီလာ၊ အောက်တိုဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်တွေမှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ ၄၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၂၉ ရက်မှာပြောပါတယ်။

မုန်တိုင်း နာလ်ဂေးဟာ မင်ဒါနာအိုကျွန်းပေါ်ရှိ မက်ဂွင်ဒါနာအို ပြည်နယ်မှာ အဆိုးရွားဆုံးတိုက်ခတ်ခဲ့ပြီး အပျက်အစီးအဆုံးအရှုံးများခဲ့ကာ ကိုတာဘာတိုမြို့မှာလည်း ရေလွှမ်းမိုးမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း ၅၉ မိုင်နှုန်းနဲ့တိုက်ခတ်နေပါတယ်။ ရေကြီးရေလျှံပြီး မြေပြိုမှုတွေဖြစ်ပွားပြိးနောက်မှာ ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ရွှံ့နွံ့တွေထဲကနေ ဆွဲထုတ်ခဲ့ရပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ အဲဒီမုန်တိုင်းဟာ ယခုသီတင်းပတ်ကုန်မှာ အထွတ်အထိပ်ကို ရောက်ရှိမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် မြို့တော်မနီလာမှာ မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး မုန်တိုင်း နာလ်ဂေးဟာ လက်ရှိမှာတော့ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်း ၂၀ သို့မဟုတ် အပူပိုင်းမုန်တိုင်းတွေ ၀င်ရောက်တိုက်ခတ်မှုကို ကြုံရပြီး မုန်တိုင်းအများအစုဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်ပြိး ၀င်ရောက်တိုက်ခတ်လေ့ရှိပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW