သီရိလင်္ကာမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်ပွားနေ

ကိုလံဘို၊ နို၀င်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ အခွန်အခတွေမြင့်မားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်ပွားနေပြီး မြို့တော်ကိုလံဘိုမှာ နို၀င်ဘာ ၂ ရက်က ဆန္ဒပြမှုအတွင် ရဲတွေနဲ့ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

အတိုက်အခံနိုင်ငံရေးပါတီတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ အဲဒီဆန္ဒပြပွဲမှာ သမ္မတအိမ်တော်နဲ့ အခြား၀န်ကြီးဌာနတွေတည်ရှိရာ မြိ့လယ်ကောင်ကို ချီတက်ဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ပါတယ်။

ပြည်သူတွေက တနေ့ထမင်းသုံးနပ်တောင်မစားနိုင်ဖြစ်နေချိန်မှာ အစိုးရကကူညီဖို့မလုပ်ဘဲ အခွန်အခတွေတိုးကောက်နေပြီး ဒါတွေကိုဖြေရှင်းဖို့ ဆက်လက်တိုက်ပွဲ၀င်သွာမယ်လို့ ဆရာများသမဂ္ဂတာ၀န်ရှိသူတဦးကပြောပါတယ်။

လောင်စာဆီ၊ အစားအစာ၊ မီးဖိုချောင်သုံးဓါတ်ငွေ့နဲ့ ဆေးဝါးများအပါအ၀င် မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် ပေးချေဖို့ ရုန်းကန်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ယခုနှစ်အတွင်း ဆိုးရွားလှတဲ့ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင်လမှာ ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားပြီးနောက် သမ္မတဂိုတာဘာယာရာဇပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ သမ္မတသစ် ရာနေးလ်၀စ်ခရီမီဆင်းဟာ နိုင်ငံစီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖို့ ရုန်းကန်နေရပါတယ်။

Ref:Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW