ကျောက်တော်က လက်နက်ကြီးမှန်တဲ့ အမျိုးသမီးနှစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေ

နိုဝင်ဘာ ၉- ၂၀၂၂
SW(VOM)

ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ရွာက လက်နက်ကြီးကျည်မှန်ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးနှစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က ကုလားတန်မြစ်ကြောင်းတလျှောက် မြစ်အရှေ့ဘက်ကမ်း ရွှေပြည်သစ်ရွာ၊ ကုလားတန်မြစ်အနောက်ဘက် လက်ဆောင်ကောက်ရွာ၊ အုန်းပတီးနဲ့ ပိန္နဲချောင်း စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်ရှိ စစ်တွေဆေးရုံကို ရောက်နေတဲ့ အမျိုးသမီးနှစ်ဦးဟာ အသက် ၂၁ နှစ်အရွယ် မနွယ်နွယ်နဲ့ ဒေါ်မလေးခိုင် ၃၈ နှစ်ဖြစ်တို့ ဖြစ်ကြပြီး ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

သူတို့နှစ်ဦးလုံးဟာ နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁၅ ဦး ထိမှန်ကာ အသက် ၈ နှစ်အရွယ်ကလေး တဦးနဲ့ အသက် ၈၀ အရွယ် အဘိုးအိုတဦး သေဆုံးသွားတဲ့ ဖြစ်စဥ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ကြသူတွေ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW