တောင်ကိုရီးယား အီတေး၀န်ဖြစ်ရပ်ဆိုး စုံစမ်းခံနေရတဲ့ရဲအရာရှိ ကိုယ့်ကိုကိုယ် သတ်သေသွားဖွယ်ရှိ

 

ဆိုးလ်၊ နို၀င်ဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တွင်ဟောလိုး၀င်းပွဲတော်ကျင်းပစဉ် လူအုပ်ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့ တောင်ကိုရီးယားရဲအရာရှိတဦးကို နို၀င်ဘာ ၁၁ ရက်က နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့ရပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားဖွယ်ရှိပါတယ်။

စစ်ဆေးရေးမှူး ဂျောင်လို့အမည်ရတဲ့ အသက် ၅၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထောက်လှမ်းရေးအရာရှိတဦးဖြစ်ပါတယ်။

လူ ၁၅၆ ဦးသေဆုံးပြီး ၁၉၆ ဦးဒဏ်ရာရရှိခဲ့တဲ့ အီတေး၀န်ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ သူဟာ အဲဒီဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့ရဲ့ ပျက်ကွက်မှုတွေကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခံရပြီးနောက် နို၀င်ဘာ ၉ ရက်မှာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရပါတယ်။

သူ့ရဲ့အလောင်းကို ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်မှာ မိသားစု၀င်တဦးက ဆိုးလ်မြို့ရှိ နေအိမ်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုနဲ့ ပတ်သက်ပြီ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW