ဗုံးခွဲတိုက်ခိုက်မှု လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နှင့်ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက လေကြောင်းတိုက်ခိုက်

အစ္စတန်ဘူလ်၊ နို၀င်ဘာ-၂၁-၂၀၂၂
မျိူးဆက်(VOM)

တူရကီဟာ မြို့တော်အစ္စတန်ဘူလ်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို နို၀င်ဘာ ၂၀ ရက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြို့တော်အစ္စတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက ပြစ်တင်ထားပြီးနောက် တပတ်အကြာမှာ ကာ့ဒ်အခြေစိုက်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာကို ထိခိုက်ခဲ့ကြောင်း ဆီးရီးယားရှိ ကာ့ဒ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေရဲ့ အဆောက်အအုံတွေ၊ ကတုတ်ကျင်းတွေ၊ လှိုဏ်ခေါင်းတွေနဲ့ ဂိုထောင်တွေကို အောင်မြင်စွာ ဖျက်စီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီး ဟူလူစီအက်ခါက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းနဲ့ အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၉ ခုပျက်စီးခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:TDM
#voiceofmyanmar #VOM #အစ္စတန်ဘူလ်

Related posts

Leave a Comment

VOM News

FREE
VIEW