အင်ဒိုနီးရှား ဂျာဗားကျွန်းမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု လူ ၁၆၀ ကျော်သေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရ

ဂျကာတာ ၊နိုဝင်ဘာ – ၂၂-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ နိုဝင်ဘာ ၂၁ ရက်ညပိုင်းက အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၆၀ ကျော်သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ တွေက ပြောပါတယ်။

ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်ဟာ အနောက်ဂျာဗားရှိ Cianjur မြို့ကို အနက် ၁၀ ကီလိုမီတာ (၆ မိုင်)မှာ ဗဟိုပြုပြိး လှုပ်ခတ်ခဲ့ကြောင်း ဘူမိတိုင်းတာ ရးအဖွဲ့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပြိုကျနေတဲ့ အဆောက်အအုံ အောက်မှာ ပိတ်မိနေသေးတယ်လို့ယူဆရတဲ့ အခြားသူတွေကိုကယ်တင်ဖို့ ကယ်ဆယ်ရေးသမား တွေက ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ငလျင်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၆၀ ကျော်ထိရှိလာပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ငလျင်ကြောင့် လူ ၃၂၆ ဦးကျော်ဒဏ်ရာရခဲ့ပြီး ဆေးရုံတွေကို ပို့ဆောင်ထားရပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေ ၂၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ အနောက်ဂျာဗားအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အင်ဒိုနီးရှားငလျင် #ဂျာဗားကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW