ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးထိ စံချိန်တင်ကျဆင်းနေ

တိုကျို၊ နို၀င်ဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အနိမ့်ဆုံးထိ စံချိန်တင်ကျဆင်းနေပြီး ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလထိ ကလေးမွေးဖွားမှု ခြောက်သိန်းအောက်သာရှိကြောင်း ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက နို၀င်ဘာ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အဆိုပါမွေးဖွားမှုနှုန်းဟာ ၁၈၉၉ ခုနှစ်မှာ မွေးဖွားမှုဆိုင်ရာ အချက်အလက်တွေကို စတင်မှတ်တမ်း တင်ပြီးနောက်ပိုင်း မွေးဖွားမှုရှစ်သိန်းအောက် ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်ပါတယ်။

ယခုနှစ်ပထမကိုးလအတွင်း ကလေးမွေးဖွားမှု ငါးသိန်းကိုးသောင်းကျော်ရှိခဲ့ပြီး သူတို့ထဲမှာ ပြည်ပနိုင်ငံသားတွေရဲ့ မွေးဖွားမှုများလည်းပါ၀င်ကြောင်း ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအရေအတွက်ဟာ ယမန်နှစ် အလားတူကာလထက် ကလေးမွေးဖွားမှု သုံးသောင်းကျော် သို့မဟုတ် ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ကလေးမွေးဖွားမှု ရှစ်သိန်းတစ်သောင်းကျော်ထိ ရှိခဲ့ပါတယ်။

ယခုနှစ်အတွင်း ကလေးမွေးဖွားမှု ကျဆင်းမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်နိုင်ပြီး ကပ်ရောဂါစတင်ပြီးနောက်ပိုင်း နိုင်ငံတွင်းမှာအိမ်ထောင်ပြုမှုနဲ့ ကလေးမွေးဖွားမှု ကျဆင်းခဲ့ကြောင်း ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW