နမ့်ဆန်မှာ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၁၀၀၀ ကျော် တိုက်ပွဲရှောင်နေရ

ဒီဇင်ဘာ ၁၁ -၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ တပ်နဲ့ TNLA တို့အကြား ၅ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ ၁၀၀၀ ကျော် တိုက်ပွဲရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ဆန် ဇယန်းကျောင်းတိုက်မှာ IDPs ၁၀၀၀ ကျော်ပါတယ်။ စာရင်းအတိအကျမရသေးပါဘူး။ ထပ်ပြီး ရောက်နေကြဆဲမို့ပါ။တခြား ၂ နေရာမှာလည်း ရှိတယ်လို့သိရပါတယ်။”လို့ လက်ရှိ အကူအညီပေးနေတဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။ စစ်ရေးက တင်းမာနေဆဲဖြစ်ပြီး အခုလ ၇ ရက်နေ့ကစတင်ကာ ‌ဒီကနေ့ အထိ နေ့စဉ် လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်ရာ အနီးတဝိုက်က ရွာ ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။…

Read More

ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲ ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၁၁၊ ၂၀၂၂ SP (VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲ ၂ ဦးဟာ မနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက စခန်းပြင်ပ လမ်းတခုပေါ်မှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်မှာ ပစ်ခံရတယ်လို့ သိရတယ် ၊ ဖြစ်ပွားတဲ့နေရာက ဥတ္တံတားကျေးရွာနဲ့ ဖလပ်ကျေးရွာအကြား တံတားအမှတ် ၄ / ၁၆၉ နားမှာဖြစ်တယ် ၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းရဲ မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်း ဆိုသူ ၂ ဦး ပစ်သတ်ခံရတာဖြစ်တယ်” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲ ၂ ယောက်ဟာ ရွာထဲကနေ ဇင်းကျိုက်နယ်မြေရဲစခန်းကို ပြန်လာတဲ့…

Read More

ပခုက္ကူက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းရဲ့ နေအိမ် အဆောက်အဦ တတိယအကြိမ် ချိပ်ပိတ်ခံရ

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ ပခုက္ကူ မဲဆန္ဒနယ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်း နဲ့ပတ်သက်ပြီး ပခုက္ကူမြို့နယ်ထဲက အဆောက်အဦ တခုကို မနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက တတိယအကြိမ်မြောက် ထပ်မံ ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ဒေါ်ဇင်နီနီဝင်းရဲ့ အဆောက်ဦးတွေ ချိပ်ပိတ် သိမ်းဆည်းခံရတာ ၊ အခုအကြိမ်ရောဆိုရင် ၃ ကြိမ်ရှိပြီ “လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။ မနေ့ ညနေ ၅ နာရီဝန်းကျင်က ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့ဟာ ပခုက္ကူမြို့နယ် ၊ အရှေ့ချောက်ကန်ကျေးရွာမှာရှိတဲ့ ဒေါ်ဇင်နီနီဝင်း ရဲ့ အဆောက်အဦ တစ်လုံးနဲ့ ဦးသိန်းဇော် ရဲ့ အဆောက်အဦ တစ်လုံးကို…

Read More

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရာ လားရင်း-လွယ်ဂျယ်ဂိတ်ကို ကိုဗစ်သတ်မှတ်ချက် ဖျက်သိမ်း

ဒီဇင်ဘာ ၁၁၊ ၂၀၂၂ Shy V (VOM) မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ လွယ်ဂျယ်နဲ့ ထိစပ်နေတဲ့တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ လားရင်း-လွယ်ဂျယ်ဂိတ်မှာ ချမှတ်ထားတဲ့ ကိုဗစ်သတ်မှတ်ချက်‌တွေကို မနေ့ ဒီဇင်ဘာ ၁၀ ရက် ညသန်းခေါင်ယံ ၁၂ နာရီကစ ဖြေလျှော့ ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ လုံချွမ်ခရိုင် အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ နယ်စပ် ကုန်သည်၊ ကားသမားတွေဆီက သိရပါတယ်။ “ရှန်တိန် စနစ်တွေ လုံးဝ မရှိတော့ဘူးနော် လွယ်ဂျယ်ပေါက်မှာ၊ Export ကားတွေ အားလုံးကို လုံးဝ ဆေးဖျန်းစရာ မလို့တော့သလို ရှန်တိန်မရှိ‌တော့တာကြောင့် တရုတ်ဘက်ထဲ နကသ ယာဉ်စစ်ကွင်းကို မိမိကား မိမိမောင်းလို့ ရပါပြီ။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။…

Read More

ကောလင်း – ဝန်းသို ကားလမ်းမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့

ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်၊ ကောလင်းမြို့ ကျော််ဇေယျ ၁ ရပ်ကွက် ၊ကောလင်း – ဝန်းသို ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေ ဆီက သိရပါတယ်။ “သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်းက ၃ လောင်း ၂ နေရာ ၆ လောင်းဖြစ်တယ် ၊ သေဆုံးသူ ၆ ယောက်က အမျိုးသားတွေဖြစ်ပြီး ၃ ယောက်က လည်လှီးထားတယ် ၊ နောက် ၃ ယောက်က ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ သွားရောက်ကူညီပေးခဲ့ရတဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။…

Read More

ပို့ကုန်မှုဝါဒ သတ်မှတ်ချက်တွေကြောင့် လာမယ့်နှစ်အတွင်း မြန်မာ့ထောပတ်သီးတင်ပို့မှုရပ်ဆိုင်းနိုင်

ဒီဇင်ဘာ ၁၁ – ၂၀၂၂ SN (VOM) မြန်မာ့ထောပတ်သီး ပြည်ပတင်ပို့မှုမှာ ဈေးကွက်နဲ့ဈေးနှုန်းရရှိမှု ကောင်းနေပေမယ့် လက်ရှိ ပို့ကုန်မှုဝါဒနဲ့ ငွေလဲနှုန်းသတ်မှတ်ချက်တွေကြောင့် လာမယ့်နှစ်အတွင်း တင်ပို့မှုရပ်ဆိုင်းရမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့လာနိုင်တယ်လို့ သစ်သီးဝလံကုန်သည်တွေက ပြောပါတယ်။ ပြည်ပပို့ကုန်နဲ့ပတ်သက်ပြီး လက်ရှိမှာ မူဝါဒပိုင်းအရ ထိန်းချုပ်ကန့်သတ်မှုတွေရှိနေတာကြောင့် ပို့ကုန်တင်ပို့မှု နည်းပါးလာနိုင်ပြီး အကျိုးဆက်အနေနဲ့ သွင်းကုန်တင်သွင်းရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ “အခု ပြည်ပဈေးကွက်လည်းရှိတယ်၊ ဈေးနှုန်းရတာလည်းအဆင်ပြေတယ်။ နစက က ကုန်သွယ်ရေးပေါ်လစီ ထိန်းချုပ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတာ။ လာမယ့်နှစ်မှာ တင်ပို့မှု ရပ်ဆိုင်းသွားနိုင်တယ်။ ထောပတ်သီးဈေးကွက်က ပြည်ပတင်ပို့မှု ထွက်ပေါက်ရှိမှလည်း အဆင်ပြေမယ်။ ပို့ကုန်ဝင်ငွေမရှိရင် သွင်းကုန်တင်သွင်းခွင့် မပြုဘူးဆိုတဲ့ မှုဝါဒကလည်း ရှိနေတော့ မဖြစ်မနေတင်သွင်းရမယ့် ကုန်ပစ္စည်းတွေအပေါ်မှာ ထိခိုက်လာနိုင်သလို မှောင်ခိုလမ်းကြောင်းလည်း ပိုပြီး ကြီးထွားလာနိုင်တယ်”လို့ သူက ပြောပါတယ်။…

Read More
VOM News

FREE
VIEW