နည်းပညာမြင့်ချစ်ပ်တွေ ရောင်းချမှုပိတ်ပင်တာကြောင့် အမေရိကန်ကို တရုတ်က တရားစွဲ

ပေကျင်း၊ ဒီဇင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံသို့ နည်းပညာမြင့်ချစ်ပ်တွေ တင်ပို့ရောင်းချမှုကို အမေရိကန်ကထိန်းချုပ်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အမေရိကန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တရားစွဲလိုက်ပါတယ်။

အမေရိကန်ရဲ့ အခုလိုကန့်သတ်ချက်တွေဟာ နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။

မကြသေးမီနှစ်တွေအတွင်း အမေရိကန်ဟာ ပို့ကုန်ထိန်းချုပ်ရေးအစီအမံတွေကို အလွဲသုံးစွဲလုပ်ခဲ့ပြီး နိုင်ငံတကာမှာ ချစ်ပ်နဲ့အခြားထုတ်ကုန်တွေ ပုံမှန်ကုန်သွယ်မှုတွေကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ တရုတ်နိုင်ငံကဆိုပါတယ်။

တရုတ်နိုင်ငံကို ဥာဏ်ရည်တုနဲ့ စူပါကွန်ပြူတာတွေမှာအသုံးပြုတဲ့ အဆင့်မြင့်ချစ်ပ်နဲ့ဆက်စပ်ပစ္စည်းတွေ တင်ပို့မှုထိန်းချုပ်မှုတွေကို တင်းကြပ်ကြောင်း အမေရိကန်က အောက်တိုဘာလအတွင်းမှာ ကြေညာပြီးနောက်မှာ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ အမေရိကန်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအဆင့်မြင့်ချစ်ပ်တွေဟာ အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်မှုမှာ အသုံးပြုနိုင်ပြီး အမေရိကန်နဲ့ နည်းပညာနယ်ပယ်မှာ ယှဉ်ပြိုင်မှုတွေပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံကလည်း သူ့ရဲ့ပြည်တွင်းချစ်ပ်ထုတ်လုပ်မှုအပေါ် အလေးထားလုပ်ဆောင်နေပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW