အိန္ဒိယနဲ့ တရုတ် အငြင်းပွားဖွယ်နယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေ ပဋိပက္ခဖြစ်ပွားပြန်

ဒေလီ၊ ဒီဇင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားရှိ အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယတပ်ဖွဲ့၀င်တွေဟာ တရုတ်တပ်ဖွဲ့၀င်တွေနဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယက ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အငြင်းပွားဖွယ်နယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေအကြား ၂၀၂၀ ခုနှစ်အတွင်းက အိန္ဒိယတပ်ဖွဲ့၀င် ၂၄ ဦးသေဆုံးခဲ့တဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက် တင်းမာမှုတွေ လျှော့ချဖို့ နှစ်နိုင်ငံစလုံးက အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံ အရှေ့ဘက်စွန်း အာရူနာချိုင်ပရာဒေ့ရ်ှပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က နှစ်ဘက်တပ်ဖွဲ့၀င်များအကြား ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။

ဒီဖြစ်စဉ်အတွင်း နှစ်ဘက်တပ်ဖွဲ့၀င်တွေ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး သေဆုံးမှုမရှိခဲ့ပါဘူး။ ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

ပဋိပက္ခဖြစ်ပွားပြီးနောက်မှာ နှစ်ဘက်တပ်တွေဟာ အဆိုပါဒေသမှ ချက်ချင်းဆုတ်ခွာခဲ့ပြီး အိန္ဒိယတပ်ဖွဲ့၀င် ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယစစ်တပ်သတင်းရင်းမြစ်တွေက ရိုက်တာကိုပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ အခြေအနေပြန်လည်တည်ငြိမ်းရေးအတွက် နှစ်နိုင်ငံတပ်မှူးတွေ ချက်ချင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:India Today
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW