ကောလင်းမှာ မွေးမြူရေး လုပ်သား ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၇ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ် ၊ အောင်သီရိရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ကြက်မွေးမြူရေးလုပ်သား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ အောင်သီရိရပ်ထဲမှာ ဖြစ်တာပါ ၊ ကြက်ခြံလုပ်သား အမျိုးသား ၂ ယောက်က ကြက်ခြံကနေ ဆိုင်ကယ်နဲ့ အိမ်အပြန် လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်သတ်သွားတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်သတ်ခံရတဲ့ ရုပ်အလောင်း ၂ လောင်းကို ကောလင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေက ပြည်သူ့ဆေးရုံဆီပို့ဆောင် ကူညီပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မွေးမြူရေး လုပ်သား ၂ ဦးကို ပစ်သတ်သွားတာပါ ၊ သေဆုံးသူတွေရဲ့ အမည် အသက် နေရပ်တို့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၁၁ ရက်မနက်ပိုင်းကလည်း ကောလင်းမြို့ ၊ကျော်ဇေယျ အမှတ် ၁ ရပ်ကွက် ၊ ကောလင်း ဝန်သို ကားလမ်းမှာ အမည်မသိ အမျိုးသား ၆ ဦး သတ်ဖြတ်စွန့်ပစ်ထားတဲ့ အလောင်းတွေ တွေ့ရတာ ဖြစ်ခဲ့ပါသေးတယ်။

ကောလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ ကြံခိုင်ရေး ပါတီဝင် ၊ ပညာရေးဝန်ထမ်း ၊ စစ်မှုထမ်းဟောင်း ၊ ကျန်းမာရေး ဝန်ထမ်း အပါအဝင် လူပေါင်း တစ်ရာကျော် သတ်ဖြတ်ခံထားရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW