ပီရူးအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ လူ ၂၀ ကျော်သေဆုံး၊ အစိုးရ၀န်ကြီးနှစ်ဦး ရာထူးမှနှုတ်ထွက်

လီမာ၊ ဒီဇင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ပီရူးနိုင်ငံမှာ ယခင်သမ္မတကို ဖြုတ်ချခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကြပ်ရိုက်မှု ပိုမိုဆိုးရွားနေနေတာကို ဖြေရှင်းဖို့ အာဏာပိုင်တွေက နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေကို ပြုလုပ်နေပါတယ်။ သမ္မတ ပက်ထရိုကာစတီလိုကို ဖြုတ်ချဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၇ ရက်ကစပြီး ပြင်းထန်တဲ့ ဆန္ဒပြပွဲများအပြီးမှာ လူ ၂၀ ကျော်သေဆုံးခဲ့ကာ အစိုးရ၀န်ကြီးနှစ်ဦးလည်း ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ နိုင်ငံတော်ကောင်စီ၊ အုပ်ချုပ်ရေးနယ်ပယ်အသီးသီးမှာ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ မြို့တော်လီမာမှာ ဒီဇင်ဘာ ၁၆ ရက်က သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပီရူးပြည်သူတွေအနေနဲ့ အကြမ်းဖက်မှုတွေရှောင်ရှားဖို့နဲ့ အာဏာပိုင်တွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ အစည်းအဝေးအပြီးမှာ အမျိုးသားတရားရေးဘုတ်အဖွဲ့အကြီးအကဲ ဟိုဆေးအဗီလာက တိုက်တွန်းပြောဆိုပါတယ်။ ပီရူးနိုင်ငံဟာနှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သမ္မတကာစတီလိုဟာ ကွန်ဂရက်ကိုဖျက်သိမ်းဖို့ ကြိုးပမ်းပြီးနောက်မှာ နိုင်ငံရေးအကျပ်အတည်းတခု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Ref: BBC Photo:Getty Images…

Read More

ယူကရိန်းဒုတိယမြို့တော် ခါကိဗ်ကို ရုရှားက ဒုံးကျည် ၇၆ စင်းနဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဒီဇင်ဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှာဟာ ယူကရိန်းနိုင်ငံတ၀န်းရှိ ဓါတ်အားပေးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းနိုင်ငံရဲ့ ဒုတိယမြို့တော် ခါကိဗ်ကိုလည်း ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် နာရီပေါင်းများစွာ ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရုရှားဟာ ခါကိဗ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်က ဒုံးကျည် ၇၆ စင်းပစ်ခတ်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ဓါတ်အားပေးစက်ရုံးကိုးခုကို ထိမှန်ခဲ့ကြောင်း ဒေသန္တရ တာ၀န်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ မြို့ခံ ၅၅ ရာခိုင်နှုန်း လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိခဲ့တယ်လို့ ခါကိဗ်မြို့တော်၀န်က ပြောပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုကြောင့် စွမ်းအင်စနစ်ဟာ စွမ်းဆောင်ရည် ထက်၀က်ကျော် ဆုံးရှုံးခဲ့ပြီး ဆေးရုံ၊ ရေပေးဝေရေး အခြေခံအဆောက်အအုံများ၊ အပူပေးဝေရေး နေရာတွေကို ဓါတ်အားရရှိရန် ဦးစားပေးဆောင်ရွက်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ…

Read More

မန္တလေးမြို့မှာ ကားပုံစံငယ် စုဆောင်းသူတွေနဲ့ ပြသပွဲကျင်းပ

ဒီဇင်ဘာ ၁၇-၂၀၂၂ HK (VOM) မန္တလေးမြို့က ကားပုံစံငယ်စုဆောင်းသူ(Dicast Legends Myanmar)အဖွဲ့ကဦးဆောင်ကာ အခြားမြို့တွေက ကားပုံစံငယ်စုဆောင်းတဲ့ ဝါသနာရှင်တွေနဲ့တွေ့ဆုံပြီး မိမိတို့စုဆောင်းထားတဲ့ ကားပုံစံငယ်များပြသပွဲကို ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့ မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ကားပုံစံငယ်များ၊ ရှုခင်းပုံစံငယ်များ၊ အဆောက်အဦးပုံစံငယ်များ၊ 3D နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ပုံစံငယ်များကို ခင်းကျင်းပြသခဲ့ပြီး ပွဲတက်ရောက်သူများနဲ့ ဂိမ်းကစားခြင်း၊ လက်ဆောင်ပစ္စည်းများပေးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ကားပုံစံငယ်ပြပွဲ #DicastLegendsMyanmar

Read More

ကောလင်းမှာ မွေးမြူရေး လုပ်သား ၂ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ် ၊ အောင်သီရိရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ကြက်မွေးမြူရေးလုပ်သား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ အောင်သီရိရပ်ထဲမှာ ဖြစ်တာပါ ၊ ကြက်ခြံလုပ်သား အမျိုးသား ၂ ယောက်က ကြက်ခြံကနေ ဆိုင်ကယ်နဲ့ အိမ်အပြန် လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်သတ်သွားတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်သတ်ခံရတဲ့ ရုပ်အလောင်း ၂ လောင်းကို ကောလင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေက ပြည်သူ့ဆေးရုံဆီပို့ဆောင်…

Read More

ကျပ် သိန်း ၄၀၀ ဝန်းကျင်ကားတွေ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ပြန်ဖြစ်နေ

ဒီဇင်ဘာ ၁၇ – ၂၀၂၂ SN (VOM) ပြည်တွင်း ကားဈေးကွက်အတွင်း ကျပ် သိန်း ၄၀၀ ဝန်းကျင်ကားတွေ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ လက်ရှိ ကားဟောင်းဈေးကွက်မှာ ကျပ်သိန်း ၄၀၀ ဝန်းကျင်ကားတွေဟာ ကျပ်သိန်း ၄၃၀ ကနေ ၄၅၀ အထိ ဈေးရရှိနေပြီး အရောင်းအဝယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။ “အောက်တိုဘာ၊ နိုဝင်ဘာမှာဖြစ်တဲ့ဈေးက ၄၀၀ တန် ဝန်းကျင်တွေက အခုဒီရက်ပိုင်းမှာ ဈေးတောင်တက်ပြီးတော့ အရောင်းအဝယ်ဖြစ်နေတယ်။ ဟိုတလောကဆိုရင် သိန်း ၃၉၀/၄၀၀ ဝယ်လို့ရတဲ့ကားတွေက ခုဆိုရင် ၄၃၀/၄၅၀ အဲ့လိုတောင်ပြောင်းပြီး အရောင်းအဝယ်ဖြစ်နေကြတာ။ ဈေးကျတယ်ဆိုတာ မဟုတ်ပါဘူး။ ဈေးက နည်းနည်းတောင်ပြန်တက်နေတာ။ ခုဆိုရင် အဝယ်လိုက်လာလို့ ဝယ်လို့မရ၊ ကားမရတဲ့သူတောင် ရှိကြတယ်” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း…

Read More

“ဒါမျိုးမဟုတ်”

========== ဆူးငှက် ဒီနှစ် (၂၀၂၂ ခုနှစ်) စက်တင်ဘာ လကုန်ပိုင်းလောက်က မထွက်ဖြစ်တာ ကြာလို့ တက္ကသိုလ်ကျောင်းသားဘဝက ကျင်လည်ခဲ့သော ထိုနေရာသို့ရောက်ဖြစ်သည်။ ဘာရယ်လို့တော့ မဟုတ်။ အထွေထွေ စိတ်ဖိဆီးမှုတွေ ပြေရာပြေကြောင်းနှင့် အတိတ်၏ပုံရိပ်အချို့ကို ဘယ်လောက်များ ပြန်ဖော်နိုင်မလဲဆိုသည့် စမ်းသပ်မှုဟုပဲ ဆိုချင်ပါသည်။ အခု ကျွန်တော် ငေးရပ်နေသည့် လူရှုပ် ကားရှုပ် ဆိုင်ကယ်ရှုပ်နေရာက ၈၃လမ်းနှင့် ၂၂လမ်းဆုံတဲ့။ ကိုယ့်မှတ်ဉာဏ်ကို ကနဦးပြန်လည်ပုံဖော် စမ်းသပ်လိုက်တော့ ၈၃လမ်းနှင့် ၂၂လမ်းဆုံရာတွင် ဒေါက်တာဆိုနီ ဆေးတိုက်ရှိသည်။ အရှေ့ဘက်မှာ ယခင် သမဝါယမ ဦးစီးမှူးရုံးရှိ၏။နောက်တော့ သမပိုင် တည်းခိုခန်း တဲ့။ဒေါက်တာဆိုနီ တိုက်ရှေ့၊ ၈၃လမ်းဘေးမှာ ကောက်ညှင်းပေါင်းနှင့် အကြော်သည်ရှိ၏။ ညနေစောင်းလျှင် စက်ဘီးတွေ၊ ဆိုင်ကယ်တွေနှင့် လက်မလည်အောင် ရောင်းရသည်။ အကြော်ဆိုင်နှင့် ထောင့်ဖြတ်မှာ ကိုကြူး နို့ချဉ်ဆိုင်ရှိသည်။ နို့ချဉ်ကောင်းလို့ လူစည်သည်။ သို့သော်…

Read More
VOM News

FREE
VIEW