ယူကရိန်းဒုတိယမြို့တော် ခါကိဗ်ကို ရုရှားက ဒုံးကျည် ၇၆ စင်းနဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဒီဇင်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ရုရှာဟာ ယူကရိန်းနိုင်ငံတ၀န်းရှိ ဓါတ်အားပေးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းနိုင်ငံရဲ့ ဒုတိယမြို့တော် ခါကိဗ်ကိုလည်း ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် နာရီပေါင်းများစွာ ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှားဟာ ခါကိဗ်မြို့ကို ဒီဇင်ဘာ ၁၆ ရက်က ဒုံးကျည် ၇၆ စင်းပစ်ခတ်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ဓါတ်အားပေးစက်ရုံးကိုးခုကို ထိမှန်ခဲ့ကြောင်း ဒေသန္တရ တာ၀န်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းမှာ မြို့ခံ ၅၅ ရာခိုင်နှုန်း လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိခဲ့တယ်လို့ ခါကိဗ်မြို့တော်၀န်က ပြောပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုကြောင့် စွမ်းအင်စနစ်ဟာ စွမ်းဆောင်ရည် ထက်၀က်ကျော် ဆုံးရှုံးခဲ့ပြီး ဆေးရုံ၊ ရေပေးဝေရေး အခြေခံအဆောက်အအုံများ၊ အပူပေးဝေရေး နေရာတွေကို ဓါတ်အားရရှိရန် ဦးစားပေးဆောင်ရွက်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်က ရုရှားပစ်ခတ်တဲ့ ဒုံးကျည် ၇၆ စင်းအနက် ၆၀ ကိုကြားဖြတ်ဟန့်တားခဲ့ပြီး အများစုမှာ ခရုဇ်ဒုံးကျည်တွေဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW