ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်အပေါ် မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရဲ့ လုံခြုံရေးဗျူဟာသစ်ဟာ ဒေသတွင်းလုံခြုံရေးဆိုင်ရာ အခြေအနေကို အခြေခံကျကျပြောင်းလဲလိုက်တာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချလိုက်ပြီး ဂျပန်ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်မှားပြီး အန္တရာယ်များလဲဆိုတာသိလာမယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ဒေသတွင်းတင်းမာမှုတွေနဲ့ ယူကရိန်းကိုရုရှားရဲ့ ကျူးကျော်တိုက်မှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ဂျပန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးတည်ဆောက်မှုကို ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက အခုလိုက်သတိပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်ဆိုတာကိုတော့ မြောက်ကိုရီးယားဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံဟာ အခြားနိုင်ငံတွေကို တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်မှုစွမ်းရည်ဆိုင်ရာ လုံခြုံရေး မဟာဗျူဟာ ချမှတ်လိုက်တာဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့အာရှဒေသမှာ ဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းကို ဖြစ်ပေါ်စေတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဂျပန်၏ မူဝါဒသစ်ကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေဟာ အခြေခံကျကျပြောင်းလဲသွားကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကိုချိုးဖောက်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ဆိုးရွားသော စိန်ခေါ်မှုတရပ်အဖြစ် မြောက်ကိုရီးယားက ရှုတ်ချပြောပါတယ်။

ဂျပန်ဟာ လာမယ့်ငါးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကိုလည်း စံချိန်တင်အသုံးပြုရန် စီစဉ်ထားပါတယ်။

ဒေသတွင်း ရှုတ်ထွေးတဲ့လုံခြုံရေးအခြအနေကိုတုံ့ပြန်တဲ့အနေနဲ့ မိမိတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ဖို့ ရဲရင့်ပြတ်သားတဲ့ စစ်ရေးဆောင်ရွက်မှုတွေ လုပ်ခွင့်ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW