စပိန်မှာ ကုန်စျေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်သူတွေကို အစိုးရက ယူရို (၁၀) ဘီလီယံ ထောက်ပံ့မယ်လို့ ကြေညာ

မက်ဒရစ်၊ ဒီဇင်ဘာ-၂၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ကုန်စျေးနှုန်းတွေကြီးမြင့်လာတာကို ကိုင်တွယ်ဖြေရှင်းဖို့ စပိန်ပြည်သူတွေအတွက် နောက်ထပ်ယူရို ၁၀ ဘီလီယံထောက်ပံ့မယ့် အစီအစဉ်ကို စပိန်၀န်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာပါတယ်။

နိုင်ငံတွင်းမှာ စွမ်းအင်၊ စားနပ်ရိက္ခာနဲ့ လူနေမှုစရိတ်တွေ ကြီးမြင့်နေချိန်မှာ စပိန်အစိုးရအနေနဲ့ လူလတ်တန်းစားတွေနဲ့ အလုပ်သမားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ၀န်ကြီးချုပ်ဆန်းချက်ဇ်က ပြောပါတယ်။

အဲဒီအစီအစဉ်မှာ အခွန်ကောက်ယူမှုလျှော့ချခြင်းနံ့ တနှစ်ကို ယူရို ၂၇၀၀၀ အောက်သာ၀င်ငွေရှိတဲ့ အိမ်ထောင်စုတွေအတွက် ယူရို ၂၀၀ စီထောက်ပံ့ခြင်းလည်းပါ၀င်ပါတယ်။

ဒါဟာ စပိန်အစိုးရက ပြည်သူတွေအတွက် တတိယမြောက်အကူအညီပေးရေးအစီအစဉ်ဖြစ်ပြီး စုစုပေါင်း ထောက်ပံ့မှုပမာဏ ယူရို ၄၅ ဘီလီယံထိ ရှိလာပြီဖြစ်ပါတယ်။

စပ်ိန်နိုင်ငံဟာ မကြာသေးမီလတွေအတွင်း ငွေကြေးဖောင်းပွမှုကို ၆ ဒသမ ၈ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေထဲမှာ ငွေကြေးဖောင်းပွမှုအနိမ့်ဆုံးဖြစ်သော်လည်း စားနပ်ရိက္ခာစျေးနှုန်းတွေကတော့ ကြီးမြင့်နေဆဲဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မက်ဒရစ်

Related posts

Leave a Comment

VOM News

FREE
VIEW